မြန်မာနိုင်ငံသို့  သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့ နယ် အုပ်ချုပ်ရေးမှူး၏သား H1N1 ရောဂါဖြင့်သေဆုံး


ထိုင်းမြန်မာနယ်စပ် တပ်ခရိုင် မယ်မမော မြို့ နယ် အုပ်ချုပ်ရေး မှူးအရာရှိကြီးတဦးရဲ့  သားဖြစ်သူ Nopporn Khamjay နွတ်ဖွမ် ခန်ရယ် အသက်၃၈ နှစ် ဟာ မြန်မာနိုင်ငံအတွင်း မြ၀တီ ဘက်ခြမ်းကို အသွားအပြန် ခရီးသွားနေရင်းနဲ့  H1N1 တုတ်ကွေးရောဂါရသွားပြီး မဲဆောက်ဆေးရုံကြီးမှာ သေဆုံးသွား ခဲ့တာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေပါတယ်။

ခုလိုထိုင်းနိုင်ငံသားတဦး သေဆုံးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဘက်က ၀င်ရောက်လာသူတွေကို မြ၀တီ - မဲဆောက် တံတားနဲ့  တခြားဝင်လမ်းတွေမှာ ရောဂါးပိုးစစ်ဆေးရေး လုပ်ငန်းတွေ တိုမြင့်လုပ်ဆောင်နေပါတယ်။

ဒီကနေ့ မှာ မဲဆောက် မြို့ ပိုင်ကိုယ်တိုင် နယ်စပ်ဂိတ်တွေမှာ H1N1ရောဂါပိုး စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သွားရောက်အားပေးခဲ့ပါတယ်။

ထိုင်နိုင်ငံ မဲဆောက်မြို့ နယ်အတွင်းမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ သိန်းနဲ့ ချီရှိနေပြီး ရောဂါကာကွယ်ဆေးထိုးပေးဘို့  မဲဆောက်ဆေးရုံကြီးမှာ ကာကွယ်ဆေးမလုံလောက်တဲ့အတွက် ပြည်နယ် ကျန်းမာရေးဌာနကို အကူအညီတောင်းခံ နေရကြောင်းသိရပါတယ်။

မဲဆောက်ဆေးရုံ ဆရာဝန်ကြီးကတော့ H1N1 ဟာ သာမံဖြစ်ရိုးဖြစ်စဉ် ရာဂါမဟုတ်လို့  ပေါဆလို့ မရပဲ ရောဂါပိုး ဟာ နှလုံးအတွင်းပြန့် သွားရင် ကုသဘို့ အလွန်ခက်ခဲ့ကြောင်း သတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပွားနေတဲ့ H1N1ရောဂါအတွက် အရေးပေါ်အခြေမှာမရှိသေးကြောင်း မြန်မာအာဏာပိုင်တွေ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

Social Action for Children and Women - SAW
မြန်မာနိုင်ငံသို့  သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့ နယ် အုပ်ချုပ်ရေးမှူး၏သား H1N1 ရောဂါဖြင့်သေဆုံး မြန်မာနိုင်ငံသို့  သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ မြို့ နယ် အုပ်ချုပ်ရေးမှူး၏သား H1N1 ရောဂါဖြင့်သေဆုံး Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.