အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သူ (၁) ဦး ဖမ်းဆီးရမိ


သြဂုတ် ၁၇၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၆ ရက် နံနက် ၁၁ နာရီမှစတင်၍ မောင်တောမြို့နယ်၊ တောင်ရင်းကျေးရွာအတွင်း နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လှည့်ကင်း ဆောင်ရွက်စဉ် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သည့် ကွန်းခေါင်းကျေးရွာနေ မသင်္ကာ တရားခံ မာမတ်ဆီဒိတ်(ဖ) ဘာဆာမျာ ၅၅ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

( နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သူ (၁) ဦး ဖမ်းဆီးရမိ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သူ (၁) ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:38 Rating: 5
Powered by Blogger.