လိုင်စင်မဲ့ကား(၃)စီးကို မိုးညှင်းမြို့ခရိုင် ကညနရုံးအနီးရှိ ဘီးခွန်ဂိတ်တွင် ဖမ်းဆီး


သြဂုတ် ၁၇

မိုးညှင်းမြို့ အ၀င် နန်းပုတ်ကျေးရွာအရှေ့ ခရိုင်ကညနရုံးအနီးတွင်ရှိသော ဘီးခွန်ဂိတ်တွင် လိုင်စင်မဲ့ကား(၃)စီး ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

အဆိုပါကားများသည် မော်ဟန်ဘက်မှမြစ်ကြီးးနားဘက်သို့သွားရောက်မည့်လိုင်စင်မဲ့ကား များဖြစ်ပြီး သြဂုတ်လ(၁၇)ရက်နေ့ မနက်၅နာရီက ကချင်ပြည်နယ်အတွင်းလိုင်စင်မဲ့ယာဉ်များဝင်ရောက်မှုမရှိစေရေးအတွက် ရှောင်တစ်ခင်စစ်ဆေးမှု ပြုလုပ်နေစဉ် ဖမ်းဆီးမိခဲ့ကြောင်း မိုးညှင်းခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။

" ဒီကကားတွေနဲ့ပါတ်သက်တဲ့ အထောက်အထားတစ်စုံတရာမပြနိုင်လို့ဖမ်းဆီးအရေးယူခဲ့တာပါဟုအမှတ်(၁၀၁)ယာဉ်ထိန်းတပ်ဖွဲ့စုဒုရဲမှူးမြင့်မိုး"
ကပြောသည်။

အဆိုပါကားအားတရားဝင်လိုင်စင်ရှိချပေးထားသောကားဟုတ်မဟုတ်ကိုမိုးညှင်းခရိုင်ယာဉ်စစ်ဆေးရေးအဖွဲ့မှစစ်ဆေးပြီးအမှုဖွင့်ခဲ့ကြောင်းသိရသည်

မိုးညှင်းမြို့အ၀င် နန်းပုတ်ကျေးရွာရှေ့ဘီးခွန်ဂိတ်ရှေ့သို့ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်နေ အသက်၃၂နှစ်ရှိ စိုင်းမင်းလွင် ဆိုသူ မောင်းလာသော MDY -9M/6411 V0XY ခဲဖြူရောင်၊ မိုးကောင်းရပ်ကွက်နေ အသက် ၂၃နှစ်ရှိ တင်မိုးဆိုသူ မောင်းလာသော MDY -8K/6386 ADVAN အဖြူရောင်၊ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်နေ အသက်၃၄နှစ်ရှိအောင်အောင်ဆိုသူမောင်းလာသော YGN -4I/ 2804 Honda တို့ကိုကဖြတ်သန်းလာခဲ့ရာ အထက်ပါအတိုင်းစစ်ဆေးခဲခဲ့ရြ့ပီးနောက် ဖမ်းဆီးခံခဲရ့ကြောင်း သိရသည်။

 အဆိုပါကားမောင်းလာသူ၃ဦးအားယာဉ်(ပ)၁၂၂၊ (ပ)၁၂၃ ၊(ပ)၁၂၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)ဖြင့်ဖမ်းဆီးအရေးယူထားကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ထွန်းထွန်း(မိုးညှင်း)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
လိုင်စင်မဲ့ကား(၃)စီးကို မိုးညှင်းမြို့ခရိုင် ကညနရုံးအနီးရှိ ဘီးခွန်ဂိတ်တွင် ဖမ်းဆီး လိုင်စင်မဲ့ကား(၃)စီးကို မိုးညှင်းမြို့ခရိုင် ကညနရုံးအနီးရှိ ဘီးခွန်ဂိတ်တွင် ဖမ်းဆီး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.