အမြန်လမ်းတွင် Canter ယာဉ် နှစ်စီး မတော်တဆမှုဖြစ် နှစ်ဦးသေ


နေပြည်တော် သြဂုတ် ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းကြီး၏ မိုင်တိုင်အမှတ် (၁၂၆/၆)နှင့် (၁၂၆/၇) အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း သက်ဦး မောင်းနှင်လာ သော ပန်းစည်းများ တင်ဆောင်လာသည့် Canter ခြောက်ဘီးယာဉ်မှာ သြဂုတ်လ ၁၇ ရက်နေ့ ယ​နေ့နံနက်​ ၁ နာရီ ၄၅ မိနစ်​က အရှိန်မထိမ်း နိုင်ဘဲ လမ်းရှေ့ကွန်ကရက်စပ်တွင် ၀ဲဘက်ရှေ့ဘီးပေါက်၍ ရပ်တန့်ပြုပြင်နေသည့် ယာဉ်မောင်း အားစန်း မောင်းနှင်သည့် Canter ခြောက်ဘီးယာဉ်အား ၀င်တိုက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ပန်းစည်းများ တင်ဆောင်လာသည့် Canter ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ သုံးဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်နှစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

ဘီးပေါက်၍ လမ်းဘေးရပ်တန့်ပြင်နေသော Canter ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးအနက် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ သေဆုံးသွားသော ရုပ်အလောင်း နှစ်ဦးနှင့် ဒဏ်ရာရရှိသူများအား ဘောဓိကုန်းအမြန်လမ်းရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ သည်။

သို့ပါ၍ ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သော ယာဉ်မောင်းနှင့် အမြန်လမ်းမကြီးပေါ်တွင် ရပ်တန့်ခွင့်မရှိဘဲ ရပ်တန့်၍ ကားပြင်ဆင်နေသည့် ယာဉ်မောင်းတို့အား သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ -အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းတွင် Canter ယာဉ် နှစ်စီး မတော်တဆမှုဖြစ် နှစ်ဦးသေ အမြန်လမ်းတွင် Canter ယာဉ် နှစ်စီး မတော်တဆမှုဖြစ် နှစ်ဦးသေ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.