အမှိုက်ပစ်ရာမှ ရေချောင်းအတွင်းမျောပါ ပျောက်ဆုံးနေသူအား သုံးရက် အကြာ သေဆုံးလျက်တွေ့ရှိ


တာချီလိတ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဟိုခိုရွာ၌ ဩဂုတ် ၁၃ ရက်နေ့က မယ်ဟုတ်ရေချောင်းအတွင်း အမှိုက်သွားစွန့်ပစ်ရာ မှ ရေချောင်းအတွင်း မျောပါသွားသူအား ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက သေဆုံလျက် ပြန်လည်တွေ့ရှိ ရကြောင်း သိရပါတယ်။

ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဖန်မင်အုပ်စု၊ ဟိုခိုရွာအနီး မယ်ဟုတ်ရေေ ချာင်းကမ်းစပ်အနီး အမျိုးသား တစ်ဦး ရေနစ်သေဆုံး ကြောင်း သတင်းအရ တာချီ လိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ ခေတ္တ မြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုးနှင့်အဖွဲ့မှ သက်သေများနှင့်အတူသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဟိုခိုရွာနေဦးအိုက်ရွက် (၇၁ နှစ်)သည် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

သေဆုံးသူ ဦးအိုက်ရွက်သည် ဩဂုတ် ၁၃ ရက် နံနက် ၇ နာရီခွဲ အချိန်ခန့် တွင် မယ်ဟုတ်ရေချောင်းအတွင်းသို့ အမှိုက်များ သွားရောက်စွန့်ပစ်ရာမှ ရေချောင်းအတွင်း လိမ့်ကျမျောပါသွားခဲ့ပြီး မိသားစုဝင်များ လိုက်လံရှာဖွေ ရာမှ အလောင်းအား သားဖြစ်သူ အိုက်ခေါင်မှ တွေ့ရှိ၍ အလောင်းအား ဆေးစာနှင့် အတူ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရ ပါ တယ်။

အမှုမှ ဦးအိုက်ရွက် ရေချောင်းအတွင်း လိမ့်ကျမျောပါသွားရာမှ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင် သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် တာချီလိတ် မြို့မရဲစခန်းက သေမှုသေခင်းရေးဖွင့်ဆောင် ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
အမှိုက်ပစ်ရာမှ ရေချောင်းအတွင်းမျောပါ ပျောက်ဆုံးနေသူအား သုံးရက် အကြာ သေဆုံးလျက်တွေ့ရှိ အမှိုက်ပစ်ရာမှ ရေချောင်းအတွင်းမျောပါ ပျောက်ဆုံးနေသူအား သုံးရက် အကြာ သေဆုံးလျက်တွေ့ရှိ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.