တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်းကြောင့် ဓားဖြင့်ခုတ်သတ်

မှော်ဘီမြို့နယ်တွင် ဖြစ်ပွားသောလူသတ်မှုမှ ပြစ်မှုကျူးလွန်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်များမှ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၉

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့ နယ် ၊ ပေါက်ကုန်းကျေးရွာအုပ်စုမှာ တူမဖြစ်သူ၏ ခင်ပွန်းကို  တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အိမ်ထောင်တာဝန် မကျေပွန်ခြင်း တို့ကြောင့် ကျေနပ်မှုမရှိ၍ ဦးလေးဖြစ်သူမှ ဓားဖြင့် ခုတ်သတ်မှုတစ်မှု သြဂုတ်လ ၈ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျီးပင်ဆပ် ကျေးရွာနေ ဦးဟဲခူထံ ပေါက်ကုန်းကျေးရွာမြောက်ဘက်ရှိ ငါးမွေးမြူရေးကန်ဘောင်ပေါ်တွင် အမျိုးသားတစ် ဦးသေဆုံးနေကြောင်း ငါးကန်တာဝန်ခံဖြစ်သူမှ ဖုန်းဖြင့်အကြောင်းကြားလာပါသည်။

 ၎င်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်အေးထံသို့ အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကန်ဘောင်ပေါ်တွင် အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ဦးခေါင်းနောက်စေ့နှင့် လည်ဂုတ်တို့တွင် ပြတ်ရှာဒဏ်ရာများရရှိကာ ဘေးတစ်စောင်းအနေ အထားဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီးသေဆုံးသူ လွယ်ထားသည့် လွယ်အိတ်အတွင်းမှ သက်လွင်ဦးအမည်ပါ ၇/လပတ(နိုင်)----
နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတွေရကြောင်းနှင့် ယင်းသို့ သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန် တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း(ပ)၈၇၄/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။


အမှုနှင့်ပတ်သက်၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် မှော်ဘီမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့သွားရောက်ကာ အသေးစိတ်စစ်ဆေးရှာဖွေဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ပတ်သက်သည့် အချက်အလက်များတိုက်ဆိုင်စစ်ဆေး
အတည်ပြုခဲ့ရာ သေဆုံးသူမှာ လက်ပံတန်းမြို့နယ်နေ ၀င်းလွင်ဦး၊ (၂၈)နှစ်ဖြစ်ပြီး ၎င်းသည် ညီဖြစ်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို ယူဆောင်ကာ ရန်ကုန်မြို့သို့ အလုပ်လုပ်ကိုင်ရန်ထွက်လာခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အမှုမှန်ဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းခဲ့ရာ သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ တောကြီးကျေးရွာနေ သေဆုံးသူ၏ ဦးလေးတော်စပ်သူထံ ဇော်မိုးနှင့် အတူလာရောက်၍ အရက်သောက်ပြီးနောက် ည ၇နာရီအချိန်ခန့်တွင် ပြန်သွားကြောင်း စစ်ဆေးပေါ်ပေါက်၍ ဇော်မိုး နေထိုင်ရာ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်
ကျေးရွာသို့ သွားရောက်၍ စုံစမ်းရှာဖွေရာ မတွေ့ရှိဘဲ ၎င်း၏ ဇာတိ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာသို့ပြန် သွားကြောင်း သိရှိခဲ့ရသည်။


၎င်းနောက် ရဲတပ်ဖွဲ့ဝင်များက အမှုဖြင့် မသင်္ကာသူ ဇော်မိုးအား ထိန်းသိမ်း စစ်မေးနိုင်ရေး ၎င်းနေထိုင်ရာသို့ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ သြဂုတ်လ ၉ရက်နေ့ နံနက် ၄နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်မှပင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဇော်မိုးအား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းသည် သေဆုံးသူ ၀င်းလွင်ဦး၏ ဇနီးဖြစ်သူမှာ ၎င်း၏တူမဖြစ်ပြီး ၀င်းလွင်ဦးမှ တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အိမ်ထောင်တာဝန်မကျေပွန်ခြင်းတို့ကြောင့် ကျေနပ်မှုမရှိ၍ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပေါ်ပေါက်ချက်အရ ဇော်မိုး၊ (၃၅)နှစ်အား အမှုဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်းကြောင့် ဓားဖြင့်ခုတ်သတ် တူမဖြစ်သူအား အနိုင်ကျင့်နှိပ်စက်ခြင်းကြောင့် ဓားဖြင့်ခုတ်သတ် Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.