တနိုင်းလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံး


မိုးကောင်း သြဂုတ် ၉

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တနိုင်းလမ်းမကြီးပေါ်တွင် သြဂုတ် ၉ရက်နံနက် ၄နာရီခန့်က မိုင်းဖောက်ခွဲရန် တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း မိုးကောင်းရဲတပ်ဖွဲ့စခန်း၏ ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ တနိုင်းကားလမ်းမကြီးပေါ်ရှိ ဆီးဒင်ယံကျေးရွာနှင့် နန်နွမ်ကျေးရွာကြား ရင်ကွဲတောင်အဆင်းတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲသံကြားရကြောင်း မိုးကောင်းရဲစခန်းသို့
ဖုန်းဖြင့်အကြောင်းကြားသဖြင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုရာ ယင်းနေရာတွင်
မိုင်းဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် လူနှစ်ဦးသေဆုံးနေသည်ကိုတွေ့ရကြောင်းနှင့် ဖြစ်စဉ်နှင့်ပါတ်သက်၍ ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တနိုင်းလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံး တနိုင်းလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲ၍ လူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.