ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာတွင်၊ နေအိမ်တစ်လုံးမီးလောင်


ဟိုင်းကြီးကျွန်း သြဂုတ် ၃၁

ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာတွင် သြဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက နေအိမ်တစ်လုံးမီးလောင် ခဲ့ကြောင်းသိရသည်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့်အတူ၊ ဘေးအိမ်တစ်လုံး၏ အိမ် တစ်ချမ်းပါမီးလောင်ကျွမ်းခဲ့ပြီး၊ ဒေသအရံမီးသတ် တပ်ဖွဲ့များ၊ဒေသခံများ ဝိုင်းဝန်းငြိမ်းသပ်မှုကြောင့် မီးငြိမ်းသွားပြီဖြစ်ကြောင်း၊ လူအသေအပျောက်မရှိကြောင်းနှင့် မီလောင်ရာနေရာသို့ မြို့မီးသတ်ဦးစီးဌာနဝန်ထမ်း
များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များရောက်ရှိ စစ်ဆေးမှုများပြုလုပ်နေကြောင်း ကနဦးသတင်းများအရသိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာတွင်၊ နေအိမ်တစ်လုံးမီးလောင် ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာတွင်၊ နေအိမ်တစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.