ပျဉ်းမနားမြို့တွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား တရားခံများအား ညတွင်းချင်းဖမ်းဆီးရမိ


နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့တွင် သြဂုတ် ၃ဝ ရက်ညက ခိုက်ရန်ဖြစ်ပွားရာ လူသတ်မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများအား ညတွင်းချင်း ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ သြဂုတ်(၃ဝ)ရက်နေ့ည (၈)နာရီခွဲက ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်၊ ဘိုကုန်းရပ်နေ ကျော်သူ(၂ဝ)နှစ်၊ (ဘ) ဦးမြင့်ဝင်း၊ လျှပ်စစ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူသည် ၄င်း၏နေအိမ်၌ရှိနေစဉ် လမ်းထိပ်တွင် ရန်ဖြစ်ပွားနေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။

 ရွှေညောင်ပင်ကားဂိတ်၌ ဖခင်ဖြစ်သူ ဦးမြင့်ဝင်းမှ ၄င်း၏အစ်ကိုဖြစ်သူ ဇော်ရဲနောင်၊ (၂၄)နှစ်၊ တွင်ခုံလုပ်ငန်းလုပ်ကိုင်သူအား တွဲခေါ်လာပြီး ဇော်မင်းနောင်တွင် ယာပါးပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲလက်ချောင်းများတွင်ပြတ်ရှဒဏ်ရာများ (အတွင်းလူနာ/ မစိုးရိမ်ရ)ဒဏ်ရာရရှိထားသည်ကိုတွေ့မြင်ရသည်။

 ဇော်ဇော်၊ (၂၈)နှစ်၊ (ဘ)ဦးထွန်းရှိန်၊ ယာဉ်မောင်း၊ ဘိုကုန်းရပ်၊ ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူတွင် ဝဲနံဘေးထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဦးခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ(၁)ချက်၊ ဝဲဘက်ကျောပြင်ညိုမဲဒဏ်ရာ(၁)ချက်(အတွင်းလူနာ/စိုးရိမ်ရ)ဒဏ်ရာ များရရှိထားသည်ကိုလည်း တွေ့မြင်ရသည်။

 ကျော်သူမှ အစ်ကိုဖြစ်သူ ဇော်ရဲနောင်အား မေးမြန်းရာ အစ်ကိုဖြစ်သူမှာ ဘိုကုန်း ရပ်၊ တရားရုံးအဆင်း၊ ရွှေညောင်ပင်ကားဂိတ်အနီးတွင် သူငယ်ချင်းဖြစ်သူ ဇော်ဇော်၊ ကုလား၊ (၂ဝ)နှစ်၊ (ဘ) ဦးကိုလေး၊ ကယ်ရီမောင်း၊ တစ်ရပ်ကွက်တည်းနေသူတို့နှင့် အတူရှိနေစဉ် ဆိုင်ကယ်(၃)စီးမှာ ဆင်ရတနာဘက်မှ မောင်းနှင်လာပြီး ဇော်ရဲနောင်၊ ဇော်ဇော်နှင့် ကုလားတို့အနီးအရောက် ဆိုင်ကယ်များအားရပ်တန့်ပြီး ဆိုင်ကယ်ပေါ်မှ လူ(၅)ဦးမှာ ဓါးများကိုင်ဆောင်၍ အနီးသို့ရောက်လာပြီး ဓါးများနှင့်ဝိုင်းဝန်းခုတ်ခဲ့ကြောင်း သိရသည်။

 ဓါးနှင့်ခုတ်ခဲ့သူများ ထဲတွင် ကျော်စိုးဦး၊ (၃၇)နှစ် (ဘ)ဦးမြင့်သိန်း၊ ဈေးရောင်း၊ သဲကျွန်းကျေးရွာ၊ ကင်ပွန်းတန်းအုပ်စု၊ ပျဉ်းမနားမြို့ နေသူနှင့် အမည်မသိ(၄)ဦး၊ (ဘ/နေရပ်)စုံစမ်းဆဲတို့ဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

 ဇော်ရဲနောင်အား ပျဉ်းမနား ကုတင်(၂ဝဝ)ဆေးရုံသို့တင်ပို့ခဲ့ပြီး ဇော်ဇော်အား နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံသို့တင်ပို့ခဲ့၍ ကျော်စိုးဦးနှင့် အမည်မသိ(၄)ဦးအား အရေးယူပေးရန် ကျော်သူမှ ပျဉ်းမနားရဲစခန်းသို့ တိုင်တန်းခဲ့ပါသည်။

အဆိုပါ အမှုအား ပျဉ်းမနားမြို့မ ရဲစခန်း (ပ)၇၃၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ ဖြင့် ရေးဖွင့်ထားရှိပြီး ရဲအုပ်မိုးဆွေမှစစ်ဆေးလျှက် တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိရာ သြဂုတ် (၃၁)ရက် နံနက် (၁)နာရီ(၄၅)အချိန် ရေးဖွင့် ထားရှိသည့် ပျဉ်းမနားမြို့မရဲစခန်း (ပ)၇၃၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၁၁၄ အမှုမှ ဒဏ်ရာရရှိပြီး နေပြည်တော်ကုတင်(၁ဝဝဝ)ဆေးရုံတွင် (အတွင်းလူနာ)အဖြစ် တက်ရောက်ဆေးကုသမှုခံယူနေသူ ဇော်ဇော်၊ (၂၈)နှစ်၊ (ဘ)ဦးထွန်းရှိ၊ ယာဉ်မောင်း၊ ဘိုကုန်းရပ်၊ ရန်အောင်(၁)ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူသည် ဆေးကုသမှု ခံယူနေစဉ် နံနက်(၄)နာရီ (၄ဝ)မိနစ်တွင် သေဆုံးသွားကြောင်းသိရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄/၁၁၄ မှ ရာဇသတ်ကြီးပုဒ်မ၃ဝ၂/၃၂၄/၁၁၄ ဖြင့် ဝ၄၅၅ အချိန် ပြောင်းလဲရေးဖွင့်ထားရှိပါသည်။

 အမှုအား ပျဉ်းမနားမြို့မ ရဲစခန်းရှိ ဒုရဲမှူး သန်းထိုက် မှ ပြောင်းလဲစစ်ဆေးလျှက်ရှိရာ - စစ်ဆေးချက်အရ ဒုရဲမှူးသန်းထိုက်၊ ရဲအုပ်မိုးဆွေ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သက်နိုင်ဦးနှင့် တပ်ဖွဲ့ဝင်များမှ စစ်ဆေးချက်အရ သဲလွန်စရရှိထားသည့် တရားခံ များအား လိုက်လံဖမ်းဆီးခဲ့ရာ တရားခံဖြစ်သူ ကျော်စိုးဦး၊ (၃၇)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ ဈေးရောင်း၊ သဲကျွန်းကျေးရွာ၊ ကင်ပွန်းတန်းအုပ်စု၊ ပျဉ်းမနားမြို့နေသူအား နံနက် (၅)နာရီ (၁ဝ)မိနစ်အချိန် သဲကျွန်းကျေးရွာတွင် ဖမ်းဆီးရမိ ခဲ့ပါသည်။

 ကျော်စိုးဦးအား စစ်ဆေးခဲ့ရာ ၄င်းနှင့်အတူ စိုင်းမောင်၊ (၂၁)နှစ်၊ (ဘ)ဦးဝင်းလွင်၊ တောင်သူ၊ ဇေယျာဖြိုး၊ (၁၈)နှစ်၊ (ဘ)ဦးမြင့်လွင်၊ ကျဘမ်း၊ မောင်ပြုံး၊ (၂၅)နှစ်၊ (ဘ)ဦးအေးနိုင်၊ ကျဘမ်း၊ မင်းသူ၊ (၁၈)နှစ်၊ (ဘ)ဦးခင်မောင်၊ ကျဘမ်းနှင့် ဇော်ထွေး၊ (၁၈)နှစ်၊ (ဘ)ဦးင်းညွန့်၊ အလူမီနီယံလုပ်ငန်း၊ သဲကျွန်းကျေးရွာ၊ ကင်ပွန်းတန်းအုပ်စု၊ ပျဉ်းမနားမြို့နေသူတို့အား နံနက်(၅)နာရီ (၂ဝ)မိနစ်အချိန်တွင် အမှုဖြင့် ဖမ်းဆီးထားရှိပြီး ၄င်းတို့အသုံးပြုသည့် သက်သေခံဓါးအား သိမ်းဆည်းကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပျဉ်းမနားမြို့တွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား တရားခံများအား ညတွင်းချင်းဖမ်းဆီးရမိ ပျဉ်းမနားမြို့တွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား တရားခံများအား ညတွင်းချင်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.