ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးရသည့် အလွတ်တန်းသတင်း ထောက် အာမခံဖြင့် ပြန်လွတ်


သြဂုတ် ၃၁

ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်းသတင်း ထောက် ကိုဇော်မိုးထက်အား မြို့နယ်တ ရားရုံးမှ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ သည်။

ကိုဇော်မိုးထက်အား မြစ်ကြီးနားမြို့ မရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မြစ်ကြီးနားမြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အာမခံဖြင့် ပြန်လည်လွတ် မြောက်လာသည့်အပေါ် ကိုဇော်မိုးထက် ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေ သော အထက်တန်းရှေ့နေ ဦးဂဲနက်(စ်) (U Gannes) က အသစ်ပြင်ဆင်လိုက် သည့် ဥပဒေအရ အာမခံလျှောက်ထားခဲ့ ခြင်းဖြစ်ကြောင်း မြစ်ကြီးနားသတင်း ဂျာနယ်သို့ ပြောသည်။
``ဥပဒေကို အသစ်ပြန်လည်ပြင်ဆင် လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ဘက်က လည်း ဥပဒေနဲ့အညီ အာမခံလျှောက် ထားခဲ့အတွက် တရားရုံးက အာမခံပေး ခဲ့တာပါ´´ဟု ဦးဂဲနက်(စ်)က ပြောသည်။

ထို့ပြင် တရားစွဲဆိုခြင်းထားခြင်းခံရ သည့် ကိုဇော်မိုးထက်ကလည်း ၄င်းအား အမှုဖွင့်ထားသူများအား ကျေနပ်သည်အ ထိ ပြန်လည်တောင်းပန်သွားမည်ဖြစ် ကြောင်းနှင့် အမှုကိုလည်း ဥပဒေနှင့် အညီ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။
``အခုလို အာမခံရတဲ့အတွက် ဝမ်း သာပါတယ်။ဝန်ကြီးချုပ်နဲ့ သားဖြစ်သူ ဒေါက်တာအောင်မိုင်တို့ကိုလည်း ကျေနပ်သည်အထိ တောင်းပန်သွားမှာ ပါ´´ဟု မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။


ကိုဇော်မိုးထက်သည် ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ(facebook)တွင်င် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သားဖြစ်သူ ဒေါက်တာအောင်မိုင်တို့ အပေါ် အများပြည်သူ အထင်အမြင်လွဲ မှားစေနိုင်သည့်၊ဂုဏ်သိက္ခာညိုးနွမ်းစေ သည့် စာသားများ ရေးသားခဲ့သည်ဟု ဆိုကာ ဒေါက်တာအောင်မိုင်မှ ဆက်သွယ်ရေးဥပဒေဖြင့် မြစ်ကြီးနား မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံခဲ့ရ ခြင်း ဖြစ်သည်။

ကိုဇော်မိုးထက်သည် သြဂုတ်လ ၂၆ ရက်တွင် အမှုဖွင့်တိုင်ကြားခံခဲ့ရပြီး သြဂုတ်လ ၂၉ ရက်က မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ယနေ့(သြဂုတ်လ ၃၁ ရက်၊ညနေပိုင်းတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ယခုအမှုသည် ဆက်သွယ်ရေးဥပဒေ ကို ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်း အား သြဂုတ်လ ၂၉ ရက်က ပြည်ထောင် စုလွှတ်တော်တွင် အတည်ပြုခဲ့ရာ ဥပဒေ ပြင်ဆင်ပြီးနောက် ဆက်သွယ်ရေးဥပ ဒေပုဒ်မ -၆၆(ဃ)ဖြင့် တရားစွဲဆိုခံရရာမှ ပထမဆုံးအာမခံပေးသည့် အမှုဖြစ် သည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးရသည့် အလွတ်တန်းသတင်း ထောက် အာမခံဖြင့် ပြန်လွတ် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးရသည့် အလွတ်တန်းသတင်း ထောက် အာမခံဖြင့် ပြန်လွတ် Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.