ရွှေပြည်သာတံတားပေါ်မှ လှိုင်မြစ်အတွင်းသို့ ခုန်ချကာ သေကြောင်း ကြံစည်သူများကို အမှုဖွင့်အရေးယူ


ရန်ကုန်၊ သြဂုတ် ၁၂

သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားသော 199 Call Centerသို့ တာဝန်သိပြည်သူတစ်ဦးမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှ လှိုင်မြစ်ထဲသို့ ခုန်ချသွားကြောင်းပေးပို့လာသည့် သတင်းအား အင်းစိန်မြို့မရဲစခန်းသို့ အတည်ပြုကူညီဆောင်ရွက်နိုင်ရန် သတင်းချပြခဲ့ပါသည်။

ယင်းသို့ ချပြခဲ့သည့် သတင်းရလျင်ရချင်း အင်းစိန်မြို့မရဲစခန်းမှ လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ တပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းတံတားပေါ်တွင် မိန်းမစီးစက်ဘီးတစ်စီးနှင့် ဖိနပ်နှစ်ရံအားတွေ့ရှိရကြောင်းနှင့် အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းခဲ့ရာ လှိုင်မြစ်အတွင်းသို့ ခုန်ချခဲ့သူ အမျိုးသမီးအား ၎င်းနေရာအနီး တံတားဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများမှ ဆယ်ယူထားကြောင်း သိရှိရသဖြင့် စစ်မေးနိုင်ရေးသွားရောက်ခဲ့ပါသည်။


ယင်းသို့ စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီးမှာ ရွှေပြည်သာမြို့နယ်နေ မယုသဉ္ဇာမေ၊ (၂၁)နှစ်ဖြစ်ပြီး ၎င်းနှင့်အတူ လှိုင်မြစ်အတွင်းသို့ ခုန်ချခဲ့သူမှာ ခင်ပွန်းဖြစ်သူ သူရမျိုး၊ (၂၁)နှစ်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် လင်မယားချင်းစကားများရာမှ ယခုကဲ့သို့ လှိုင်မြစ်အတွင်းခုန်ချကာ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်းနှင့်အတူ မြစ်အတွင်းသို့ ခုန်ချခဲ့သူ သူရမျိုးမှာ ရှာဖွေတွေ့ရှိသေးခြင်းမရှိကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သူ မယုသဉ္ဇာမေနှင့် သူရမျိုးတို့နှစ်ဦးအား အင်းစိန်မြို့မရဲစခန်း (ပ)၂၀၇၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၉ အရ အမှုဖွင့်ကာအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ရွှေပြည်သာတံတားပေါ်မှ လှိုင်မြစ်အတွင်းသို့ ခုန်ချကာ သေကြောင်း ကြံစည်သူများကို အမှုဖွင့်အရေးယူ ရွှေပြည်သာတံတားပေါ်မှ လှိုင်မြစ်အတွင်းသို့ ခုန်ချကာ သေကြောင်း ကြံစည်သူများကို အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.