ရေစကြိုမြို့နယ်၌ ဓါးထိုးမှုဖြစ် တစ်ဦးသေဆုံး


ရေစကြို သြဂုတ် ၁၂

ရေစကြိုမြို့နယ် ကြူရွာကျေးရွာအုပ်စု ကြူရွာကျေးရွာတွင် သြဂုတ် ၁၁ရက် ညနေ ၆နာရီခန့်က ဓါးထိုးမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

ဖြစ်စဉ်မှာ ကြူရွာကျေးရွာ ရွာလယ်ဓမ္မာရုံဘေး လူငယ်များပိုက်ကျော်ခြင်းခတ် ကစားနေစဉ် ထွန်းမြတ်လင်း အသက်(၁ဝနှစ်)နှင့် ဖိုးပြုံး(ခ)မျိုးသက်နိုင်အသက်(၁၇နှစ်)တို့ စကားများရန်ဖြစ်ရာမှ ဖိုးပြုံး(ခ)မျိုးသက်နိုင် အသက်၁၇နှစ် (အဘ) ဦးမိုးအောင်မှ ထွန်းမြတ်လင်း ဝမ်းဗိုက်အား ဓါးဖြင့်ထိုးသဖြင့် ထွန်းမြတ်လင်း၏ မိခင်ဒေါ်နုမှ ဝင်ရောက်တားမြစ်ဖြန်ဖျေစဉ် ဖိုးပြုံး(ခ)မျိုးသက်နိုင်မှလက်ထဲရှိ အရိုးအသွား(၆)လက်မခန့်ရှိ ခေါက်ဓါးဖြင့် ဒေါ်နုအား၂ချက်ထိုးလိုက်ကြောင်း သိရသည်။

 ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာရရှိခဲ့သူ ဒေါ်နု မှာ သေဆုံးသွား သဖြင့် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက် လျက်ရှိသည်ဟု သိရသည် ။

အိမွန်ဆွေ(ရေစကြို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေစကြိုမြို့နယ်၌ ဓါးထိုးမှုဖြစ် တစ်ဦးသေဆုံး ရေစကြိုမြို့နယ်၌ ဓါးထိုးမှုဖြစ် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.