ကျောင်းသားတွေကို နိုင်ငံရေးပါဝင်မှု တားမြစ်ထားချက် ဖျက်သိမ်း

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ဧရာဝတီ ကျောင်းသားသပိတ်စစ်ကြောင်းကို ၂၀၁၅ ခုနှစ် မတ်လက တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
ဆန္ဒပြရာမှာ ပါဝင်တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းထုတ်နိုင်အောင် ပြဌာန်းထားတဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ပါ နိုင်ငံရေး ဆူပူမှုဆိုင် ရာ ပြစ်မှုတွေကို လက်ရှိပညာသင်နှစ် ကစပြီး ပညာရေး ၀န်ကြီးဌာနက ပယ်ဖျက်လိုက်ပါတယ်။

ခေတ်နဲ့ မညီတော့တဲ့အတွက် အဲဒီလို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခိုင်မြဲက ပြောပါတယ်။

အရင်က နှစ်စဉ်ထုတ်ပြန်နေတဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန် စာအုပ်ထဲမှာ နိုင်ငံရေး ဆိုင်ရာပြစ်မှုများ ဆိုတဲ့ ခေါင်းစဉ်အောက်က အချက် ၆ ချက် ကို ဖောက်ဖျက်တာ မလုပ်ဖို့ အသိပေးဖော်ပြထားတာ ဖြစ်ပါတယ်။

အဲဒီ နိုင်ငံရေးဆိုင်ရာပြစ်မှုများ ဆိုတဲ့ခေါင်းစဉ် အောက်မှာ ဆူပုလှုပ်ရှားမှုမှာ ပါဝင်ပြီး ပြစ်မှုပြစ်ဒဏ် ခံရခြင်း၊ ခေါင်းဆောင်အဖြစ်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှား မှု ဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်း၊ လှုံ့ဆော်မှုကို အားပေးခြင်း၊ ကိုယ်တိုင်ပါဝင်ခြင်း၊ ဆူပူလှုပ်ရှားမှုမှာ နောက်လိုက်အဖြစ်ပါဝင်ခြင်းစတဲ့ အချက်တွေပါဝင်ပြီး အဲဒါတွေကို ကျူးလွန်သူတွေကို ကျောင်းကနေ ထုတ်ပယ်ပြီး အရေးယူခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်ကို မပယ်ဖျက်ခင် အခုနှစ် ဧပြီလ အတွင်းက စစ်ကိုင်းပညာရေး ကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်မှု စနစ်ကို ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ စစ်ကိုင်းပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဇော်ရဲထွဋ်ကို နိုင်ငံရေးဆိုင်ရာ ပြစ်မှုအရ ကျောင်းက ထုတ်ပယ်ခဲ့ ပါတယ်။ အဲဒီနောက် အဆင့်ဆင့် ပြန်လည် ညှိနှိုင်းပြီးမှသာ ကျောင်းပြန်တက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကျောင်းသားတွေကို နိုင်ငံရေးပါဝင်မှု တားမြစ်ထားချက် ဖျက်သိမ်း ကျောင်းသားတွေကို နိုင်ငံရေးပါဝင်မှု တားမြစ်ထားချက် ဖျက်သိမ်း Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.