မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးနှင့်အတူ လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည်ဆံ ၄၄၂ တောင့် ဖမ်းဆီးရမိ


နိရဉ္စရာ၊ သြဂုတ် ၉

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေရှ်နိုင်ငံ တက်ကနက်မြို့၌ မောင်တောတွင် သောင်းကျန်းနေသည့် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးကို လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည် ၄၄၂ တောင့်နှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


သြဂုတ် ၇ ရက် ည ၈ နာရီ ၃၀ အချိန် တွင် ဘင်္ဂလားဒေရှ် နိုင်ငံ၊ စစ်တကောင်းမြို့၊ အခြေစိုက် အမှတ်(၇) မူခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ RAB မှ ၀င်ရောက် ရှာဖွေစဉ် ဖမ်းမိခြင်း ဖြစ်သည်။

အဒူလာကိမ်း၏ တပည့်များဖြစ်သည့် ဖော်ရိတ်အာလောင်(၃၅)နှစ် နှင့် ရှောင်းရူးအာလောင် (၂၅)နှစ် တို့ နှစ်ဦး အား လက်နက်များနှင့် အတူ ဖမ်းမိခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးနှင့်အတူ လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည်ဆံ ၄၄၂ တောင့် ဖမ်းဆီးရမိ မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးနှင့်အတူ လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည်ဆံ ၄၄၂ တောင့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.