ကျေးရွာတွင်း တောချက်အရက် ချက်လုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ

ဆော သြဂုတ် ၂၀

ဆောမြို့နယ်၊ နှောကျေးရွာတွင် တောအရက်များချက်လုပ်ရောင်းချသော အမျိုးသားတစ်ဦးအား သြဂုတ်(၁၈) ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ကျောက်ထုနယ်မြေရဲစခန်းမှသိရသည်။ဖြစ်စဉ်မှာ သြဂုတ်(၁၈)ရက်နေ့ မွန်းလွဲ(၁) နာရီခွဲအချိန်က ဆောမြို့နယ်၊ နှော်ကျေးရွာနေ စိုးလင်း၊၄၂နှစ်၏ နေအိမ်တွင်လိုင်စင်မဲ့တောချက်အရက်များ ပြုလုပ်ရောင်း ချနေကြောင်းသတင်းအရ ကျော်ထုနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝင်းဦး နှင့်အဖွဲ့ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 နေအိမ်တွင်းမှ ချက်အရက်ပြုလုပ်ရန်အတွက် စဉ့်ရည် ထည့်ထားသောမြေပေါင်းအိုး (၄)လုံး၊ ဖောက်ရည်ထည့် ထား သော ဒန်အိုး(၁)လုံး၊ ဒန်ချွေးခံအိုး (၁)လုံးနှင့် အရက်ထည့်ရာတွင် အသုံးပြုသောပုလင်းခွံ(၂)လုံး၊ စုစုပေါင်း တန်ဘိုး(၂၅၀၀၀)ကျပ် ခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ယင်းသိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍ လိုင်စင်မဲ့တောချက်အရက်များ ချက်လုပ်ရောင်းချသူ စိုးလင်းအား ဒုရဲအုပ် ၀င်းဦးမှ တရားလိုပြုတိုင်ကြားခဲ့၍ ဆောမြို့နယ်၊ ကျောက်ထုနယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။

ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျေးရွာတွင်း တောချက်အရက် ချက်လုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ ကျေးရွာတွင်း တောချက်အရက် ချက်လုပ်ရောင်းချသူအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.