ကူးတို့ခဈေးကြီး၍ ကျွန်းတောင်သူများဆန္ဒဖော်ထုတ်


မြင်းခြံ ၊ သြဂုတ် - ၁၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ကူးတို့ခဈေးကြီး၍ ကျွန်းတောင်သူများဆန္ဒဖော်ထုတ် ခြင်းကို သြဂုတ်လ (၁၉) ရက်၊ နံနက် (၉) နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မြင်းခြံမြို့သည် ဧရာဝတီမြစ်ကြီးနှင့်နီးကပ်စွာတည်ရှိသဖြင့် မြစ်ရေဝင်ရောက်သည့်ဒေသများ တွင်နေထိုင်ကြသည့် ပြည်သူုများမှာလူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများပါမကျန် ရေလမ်းခရီးကိုအသုံးပြု သွားလာနေကြရသည်။

 ထိုရေဝင်အရပ်ရှိ ကျွန်းတောင်သူ၊ ပြည်သူများသည် မြင်းခြံမြို့သို့လာရောက်သည့်အခါ ပြောင်းပြာကူးတို့အသုံးပြုကြရသည်။
”ပြောင်းပြာကူးတို့”ကိုအသုံးပြုသည့်အခါကူးတို့လေလံရရှိသူကကူးတို့ခများ တောင်းခံသည့်အခါ ဈေးနှုန်းကြီးမြင့်စွာကောက်ခံ၍လည်းကောင်း၊ မိမိတို့ကိုယ်ပိုင်စက်လှေဖြင့် သယ်ယူခြင်းကို လည်းတားမြစ်ပိတ်ပင်ဒဏ်ရိုက်ခြင်းများပြုလုပ်သဖြင့် ဆန္ဒဖော်ထုတ်ကြောင်း ပြသည်။

 ထို့နောက်ဆန္ဒဖော်ထုတ်သူများက ဗီနိုင်းဆိုင်း ဘုတ်များကိုင်ဆောင်၍ ကူးတို့ဆိပ်မှ အမှတ် (၆) လမ်းမတော်၊ ထိုမှ မြို့မဈေးကြီးအနောက်ဖက်လမ်းမှတစ်ဆင့် စတင်ထွက်ခွာရာသို့ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ ကူးတို့ခဈေးကြီး၍ ဆန္ဒထုတ်ဖော်ခြင်းကို ဒါးကျွန်း၊ လင့်ကြီး၊ အောင်ပြည်စိုးစသည့် ကျေးရွာများမှ ကျွန်းတောင်သူ၊ ပြည်သူများပါဝင်ခဲ့ကြောင်းသိရှိရသည်။

ဦးဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကူးတို့ခဈေးကြီး၍ ကျွန်းတောင်သူများဆန္ဒဖော်ထုတ် ကူးတို့ခဈေးကြီး၍ ကျွန်းတောင်သူများဆန္ဒဖော်ထုတ် Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.