တန့်ယန်းမြို့ ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံး (သုံး)မွှာပူး ကလေး မွေးဖွား


တန့်ယန်း သြဂုတ် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပထမဦးဆုံး(သုံး)မွှာပူး ယောက်ျားကလေး သုံးဦးကို သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၄၂ မိနစ်ကမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇော်ဦးနှင့် ဆရာဝန် ဆရာမများက အောင်မြင်စွာဖြင့် ခွဲစိတ်မွေးဖွားသန့်စင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သုံးမွှာပူးယောက်ျားလေး သုံးဦးကို တန့်ယန်းမြို့နယ် နောင်လိုင်ကျေးရာအုပ်စု၊ နမ့်မလွတ်ကျေးရွာမှ ရှမ်းတိုင်းရင်းသား မိဘနှစ်ဦး ဖြစ်ကြသည့် ဖခင်အမည် ဦးစိုင်းအောင်ထွန်းနှင့် မိခင်အမည် ဒေါ်နန်းဆွေ (အသက် ၃၂ နှစ်) တို့မှ ငါးပေါင်ခွဲရှိ ပထမသားဦးနှင့် ငါးပေါင်ရှိ ဒုတိယသားကို နံနက် ၆ နာရီ ၄၂ မိနစ်တွင်လည်းကောင်း၊ ငါးပေါင်ခွဲရှိ တတိယသားကို နံနက် ၆ နာရီ ၄၄ မိနစ်တွင် လည်းကောင်း အောင်မြင်စွာ ခွဲစိတ်မွေးဖွား သန့်စင် ပေးနိုင်ခဲ့ပြီး ယခုအခါ မိခင်နှင့်ကလေးသုံးဦးပါ ကျန်းမာလျှက်ရှိကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တန့်ယန်းမြို့ ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံး (သုံး)မွှာပူး ကလေး မွေးဖွား တန့်ယန်းမြို့ ပြည်သူ့ဆေးရုံတွင် ပထမဦးဆုံး (သုံး)မွှာပူး ကလေး မွေးဖွား Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.