ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆီဘောက်ဆာယာဉ်မီးလောင် နေအိမ်များ ကူးစက်လောင်ကျွမ်းမှုဖြစ်


ရန်ကုန် သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂၆) ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်၌ သြဂုတ် ၂၂ ရက် ည ၉ နာရီ မိနစ် ၅ဝ ခန့်က ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို Level-4 အဆင့်သတ်မှတ်ကာ မီးသတ်ယာဉ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်သည်။

 မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ တိုက်မိရာမှ ဆီဘောက်ဆာယာဉ်မှ ဆီများ လမ်းပေါ်သို့ စီးဆင်းပြီး အနီးရှိ လေးထပ်တိုက်နှင့် ဝန်းကျင်အိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားနေစဉ် လေတိုက်နှုန်း လည်း ပြင်းနေကြောင်း ကနဦးသတင်းရရှိသည်။

တင်ဝင်းလေး (ကြည့်မြင်တိုင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆီဘောက်ဆာယာဉ်မီးလောင် နေအိမ်များ ကူးစက်လောင်ကျွမ်းမှုဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဆီဘောက်ဆာယာဉ်မီးလောင် နေအိမ်များ ကူးစက်လောင်ကျွမ်းမှုဖြစ် Reviewed by THITHTOOLWIN on 17:21 Rating: 5
Powered by Blogger.