တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံး နှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသော ကျောက်စိမ်းတုံး များ နှင့် ကျောက်စိမ်း လက်ကောက်များအား တွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
    ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

    တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားသော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ကာမိုင်း-ဖားကန့် သွားကားလမ်းရှိနန့်တိန်းစစ်ဆေးရေးဂိတ်တွင် တပ်မတော်သားများက မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးစဉ် ယနေ့နံနက်ပိုင်းတွင် နန့်တိန်းကျေးရွာအ၀င် မီတာ ၄၀၀ ခန့်အကွာ၌ရပ်တန့်ထားသည့်

Haise အမျိုးအစားယာဉ်အမှတ်၊ 6J/------ အား စစ်ဆေးရာယာဉ်၏နောက်ခန်းအတွင်းမှ တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးဆိုဒ်စုံ၅၉၀ တုံး၊ သတင်းစာစက္ကူဖြင့် ထုပ်ပိုးထား

သော ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း၇၂၀ ကီလိုဂရမ်ခန့်)အား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် ကျောက်စိမ်းတုံးများအား ကာမိုင်းနယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံး နှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီးရမိ တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံး နှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:52 Rating: 5
Powered by Blogger.