လက်ဘနွန်တွင် အဓမ္မပြုကျင့်သူကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေး မအောင်မြင်

ယီမင်နိုင်ငံ ဆာနာမြို့ လယ်၌ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်က အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် အသက် ၂၂ နှစ်အရွယ် Hussein al-Sakit အား လူမြင်ကွင်း၌ ကြိုးပေးသတ်နေစဉ်(ဆင်ဟွာ)
    ဘေရွတ် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

    လက်ဘနွန်နိုင်ငံ ၌ အငြင်းပွားဖွယ်ဥပဒေတစ်ခုဖြစ်နေသော မုဒိန်းမှုကျူးလွန်သူကို အပြစ်ပေး အရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေးကို သြဂုတ်လ ၁၆ ရက်တွင် လက်ဘနွန်လွှတ်တော်က ငြင်းပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာက သတင်းဖော်ပြခဲ့သည်။

“ အဓမ္မကျူးလွန်တာ ၊ လိင်ပိုင်းဆိုင်ရာ အတင်းအကျပ်ပြုမူတာ နဲ့  မုဒိန်းမှုကျူးလွန်တာတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးစရာ အကြောင်းမရှိပါဘူး ” ဟု လူ့ အခွင့်အရေးအုပ်စု ကပြောကြားခဲ့ပြီး အဆိုပါ ဥပဒေပုဒ်မပြင်ဆင်ရေးအတွက် လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းတို့ က ဆိုသည်။

၎င်းဥပဒေအရ မုဒိန်းကောင်များမှာ ၄င်းတို့ လိင်ပိုင်ဆိုင်ရာပြုကျင့်လိုက်သူအား လက်ထပ် ပေါင်းသင်းယူခြင်းဖြင့် ပြစ်ဒဏ်မကျခံရအောင် ရှောင်ရှားခွင့်ပြုထားသည်။

မုဒိန်းမှုကျူးလွန်ပြီး လက်ထပ်ပေါင်းသင်းခြင်းနည်းလမ်းဖြင့် ပြစ်ဒဏ် မကျသော မုဒိန်းမှု အရေအတွက် မည်မျှ ရှိသည်ကို မသိရှိနိုင်သော်လည်း ၄င်းအမှုအခင်းများကို ကျေးလက်ဒေသများ၌ အဓိက လုပ်ဆောင်နေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

လက်ဘနွန်ရှေ့ နေ တစ်ဦးဖြစ်သူ Danielle al-Hweik က တက်ကြွလှုပ်ရှားသူများ၏ ဖိအားကို အာဏာပိုင်များက ဖယ်ရှားနိုင်ခဲ့သော်လည်း နောက်ထပ် တောင်းဆိုတိုက်ပွဲဝင်မှုများမှာ ဆက်လက် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် ၁၅ နှစ်အောက် အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအား ပြစ်ဒဏ်ခံရခြင်းမှ ရှောင်ရှားနိုင်စေရန် လက်ထပ်ပေါင်းသင်းယူခြင်းနည်းဖြင့် ဖြေရှင်းခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေးကို လူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူများက လိုလားလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
လက်ဘနွန်တွင် အဓမ္မပြုကျင့်သူကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေး မအောင်မြင် လက်ဘနွန်တွင် အဓမ္မပြုကျင့်သူကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ပြုကျင့်ခံရသူအား လက်ထပ်ယူခွင့်ပြုထားသော ဥပဒေပြင်ဆင်ရေး မအောင်မြင် Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.