နှစ်သန်း တရာက ပန်းပွင့် မြန်မာပယင်းထဲက တွေ့ရှိ


မြန်မာနိုင်ငံက ပယင်းကျောက်တခုမှာ လွန်ခဲ့တဲ့နှစ် သန်းပေါင်း တရာခန့်က ပန်းပွင့်ငယ် ၇ ပွင့်ကို တွေ့ရှိခဲ့ရတယ်လို့ အမေရိကန် အိုရီဂွန် တက္ကသိုလ် ပါမောက္ခတဦးက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

Tropidogyne pentaptera ထရိုပီဒိုဂျင်း ပင်တက်တရာ လို့အမည်ပေးထားတဲ့ အဲဒီပန်းပွင့်တွေဟာ နောင်တချိန် ပယင်းကျောက်ဖြစ်လာမယ့် သစ်စေးရည်ထဲကို အကိုင်းကျိုးပြီး မတော်တဆ ကျရောက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ပါမောက္ခ George Poinar Jr. ဂျော့ ပွိုင့်နာ ဂျူနီယာ က ပြောပါတယ်။


အဲဒီ သစ်စေးထွက်တဲ့ Araucaria အရောကယ်ရီးယာ ထင်းရူးပင်မျိုးဟာ မျက်မှောက်ကာလမှာ သြစတေးလျ နဲ့ နယူးဇီလန်နိုင်ငံတွေမှာရှိပါတယ်။ အရွယ်အစားအားဖြင့် ၃.၄ ကနေ ၅ မီလီမီတာ အထိရှိတဲ့ အဲဒီပန်းပွင့်တွေဟာလည်း လက်ရှိ သြစတေးလျ နဲ့ Papua-New Guinea ပါပွား နယူးဂင်နီ နိုင်ငံတွေမှာရှိတဲ့ Ceratopetalum ဆယ်ရာတိုပေတလမ် ဆိုတဲ့ အပင်မျိုးဖြစ်ပြီး အဲဒီပန်းရောင်ရင့်ရင့်နဲ့ ပွင့်ဖတ် ၅ ခုရှိတဲ့ပန်းတွေကို ခရစ်စမတ်ခြုံပင်တွေလို့လည်း ခေါ်ကြကြောင်း ပါမောက္ခ ပွိုင့်နာ ကပြောပါတယ်။

အခု မြန်မာပြည်က ပယင်းကျောက်တွေ့တဲ့ နေရာဒေသဟာ သြစတေးလျတိုက်ရှိရာ ကမ္ဘာ့တောင်ဖက်ခြမ်း ကနေ ခွဲထွက်သွားခဲ့တဲ့ မဟာအိန္ဒိယတိုက်မှာ တချိန်ကပါဝင်ခဲ့တယ်လို့ ယူဆရကြောင်းလည်း သူကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
နှစ်သန်း တရာက ပန်းပွင့် မြန်မာပယင်းထဲက တွေ့ရှိ နှစ်သန်း တရာက ပန်းပွင့် မြန်မာပယင်းထဲက တွေ့ရှိ Reviewed by THITHTOOLWIN on 09:14 Rating: 5
Powered by Blogger.