အမေရိကန် နိုင်ငံ UH-60 စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ဟာဝါရီ ကျွန်း ကမ်းလွန် ပင်လယ်ပြင် တွင် ပျက်ကျ

UH-60 အမျိုးအစား ရဟတ်ယာဉ် တစ်စင်းအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

    အမေရိကန် နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ က သြဂုတ်လ ၁၆ ရက်နေ့၌ အမေရိကန် နိုင်ငံ ကြည်းတပ် မှ UH-60 ရဟတ်ယာဉ် တစ်စင်း သည် သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် လေ့ကျင့်မှု ပြုလုပ်ချိန်၌ ပျက်ကျသွား ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ တို့မှ ရဟတ်ယာဉ် အပိုင်းအစ များကို ရှာဖွေ တွေ့ရှိခဲ့သော် လည်း ရဟတ်ယာဉ် ပေါ်လိုက်ပါခဲ့သူ များမှ ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန် ခဲ့သည်။

အမေရိကန် နိုင်ငံ ဟာဝါရီ နှင့် ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ပြင် ကမ်းခြေစောင့် တပ်ဖွဲ့ ၊ အမှတ် (၁၄) ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့ရာတွင် ကမ်းခြေစောင့် တပ်ဖွဲ့အနေဖြင့် သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် ရဟတ်ယာဉ် ပျက်ကျခဲ့ကြောင်း ကို သိရှိခဲ့ရပြီး ရဟတ်ယာဉ်များ စေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ Oahu ကျွန်း နှင့် ၃.၄ ကီလိုမီတာ ကွာဝေးသည့် ပင်လယ်ပြင်တွင် ရဟတ်ယာဉ် အပိုင်းအစ များကို ရှာဖွေ တွေ့ရှိခဲ့ပြီး ရဟတ်ယာဉ် တွင် လိုက်ပါခဲ့သူများမှာ ပျောက်ဆုံး နေဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပျက်ကျ ခဲ့သည့် UH-60 ရဟတ်ယာဉ် သည် Oahu ကျွန်း မှ ထွက်ခွာ လာခဲ့သည့် ရဟတ်ယာဉ် ဖြစ်ပြီး အမေရိကန် နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ နှင့် ကြည်းတပ် တို့မှ လက်ရှိချိန်တွင် ရဟတ်ယာဉ် သုံးစင်း နှင့် စက်လှေများစွာ စေလွှတ်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

(Xinhua)
http://xinhuamyanmar.com
အမေရိကန် နိုင်ငံ UH-60 စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ဟာဝါရီ ကျွန်း ကမ်းလွန် ပင်လယ်ပြင် တွင် ပျက်ကျ အမေရိကန် နိုင်ငံ UH-60 စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း ဟာဝါရီ ကျွန်း ကမ်းလွန် ပင်လယ်ပြင် တွင် ပျက်ကျ Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.