ရမ်းဗြဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်တစ်ချို့ခေါင်းမိုးများပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ


နိရဉ္စရာ၊ သြဂုတ် ၁၇

ရမ်းဗြဲမြို့နယ်၊ ရမ်းဗြဲငယ်ချောင်းဖျားကျေးရွာအုပ်စုတွင် သြဂုတ် ၁၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။


ဒဏ်ရာရသွားသည့် ကလေးငယ်မှာ ရမ်းဗြဲငယ် ချောင်းဖျားကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာမှ ဦးအောင်ကိုနိုင်၏သား မောင်အောင်ခိုင်ခန့်(၃)နှစ် ဖြစ်ပြီး နေအိမ်အမိုးစွန်းထိမှန်ပြီး ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာရရှိသွား၍ ကျောက်နီမော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

‘‘အမိုးစွန်းက ကလေးရဲ့ ဦးခေါင်းကို ထိမှန်တာပါ။ ကလေးရဲ့ ဒဏ်ရာက မစိုးရိမ်ရပါ။ ကျောက်နီမော် ဆေးရုံသို့ ဆေးကုသဖို့ သွားခဲ့တယ်။ ဒီနေ့ ညနေအိမ်ပိုင်းမှာပဲ ဆေးရုံက နေအိမ်သို့ ပြန်လာပါပြီ’’ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမြသောင်း ကပြောသည်။


လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အ၀ကျေးရွာတွင် နေအိမ်(၆)လုံးနှင့် ချောင်းဖျား ကျေးရွာတွင် နေအိမ်(၁)လုံး၊ တက်ကော့ ကျေးရွာတွင် နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၉)လုံး၏ ခေါင်မိုးများ ပျက်စီးသွားကြောင်း ဦးမြသောင်းက ပြောသည်။

နေအိမ်ခေါင်းမိုးများ ပျက်စီးမှုများ၏ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ (၂၇၈၀၀၀) ကျပ်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဓာတ်ပုံ၊ မြသောင်း
ကျော်ဝင်း (ကျောက်ဖြူ )
Narinjara
https://www.facebook.com/Narinjara
ရမ်းဗြဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်တစ်ချို့ခေါင်းမိုးများပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ ရမ်းဗြဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်တစ်ချို့ခေါင်းမိုးများပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.