အရက်သောက်စကားများပြီး ဓားဖြင့် လည်ပင်းလှီးသတ် ပွဲချင်းပြီး သေဆုံး


ရေဖြူ သြဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဧကနိကျေးရွာအုပ်စု ကုန်းသာယာအင်းကျေးရွာတွင် ဦးသောင်းဌေး(ရာအိမ်မှူး)နေအိမ်၌ ရှိနေစဉ် ဦးမောင်ကြွယ်(တရားခံ)၏ ခြံလုပ်သားဖြစ်သူ အနိုင် က ၄င်းခြံရှင်သည် တဲအိမ်ရှေ့တွင် ကျော်ရီ(ခ)ဘဟတ်ကြီးအား ဓားဖြင့် လည်ပင်းလှီး သတ်ခဲ့ပြီး ဓားဖြင့်ရွာထဲတွင် သွားလာကြောင်း အကြောင်းကြားသဖြင့် ဦးမောင်ကြွယ်အား ရှာဖွေထိန်းသိမ်းပြီး ရဲစခန်းသို့ အကြောင်းကြား ခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၉ရက် နေ့လည်၂း၃၀နာရီတွင် တရားခံဦးမောင်ကြွယ်(၅၂)နှစ် နေအိမ်တဲသို့ သေဆုံးသူ ကျော်ရီ(ခ)ဘဟတ်ကြီးသည် အရက်သောက်စား မူးယစ်ပြီး တစ်ဦးနှင့်တစ်ဦးစကားအချေအတင်ဖြစ်ကြရာမှ မရည်ရွယ်ပဲ အနီးရှိ အရှည်၂၀လက်မ ဗြက်၁လက်မခွဲရှိ ထင်းခုတ်ဓားမအား ဆွဲယူပြီး သေဆုံးသူ၏ လည်ပင်းအား လှီးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

 သေဆုံးမှုနှင့်ပတ်သတ်ပြီး ဦးသောင်းတင်ဌေး(ရာအိမ်မှူး)မှ တရားလိုပြုလုပ်ကာ ဒုရဲမှူးကောင်းနိုင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အရက်သောက်စကားများပြီး ဓားဖြင့် လည်ပင်းလှီးသတ် ပွဲချင်းပြီး သေဆုံး အရက်သောက်စကားများပြီး ဓားဖြင့် လည်ပင်းလှီးသတ် ပွဲချင်းပြီး သေဆုံး Reviewed by THITHTOOLWIN on 08:17 Rating: 5
Powered by Blogger.