ချင်းတွင်းမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်၌ လူသတ်မှုဖြစ်ပွား


ဆားလင်းကြီး သြဂုတ် ၁၀

၂ဝ၁၇ခုနှစ် သြဂုတ် (၉)ရက် နံနက်(၉)နာရီကစစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ကျောက်မျက်ကျေးရွာအုပ်စု၊ ကျောက်မျက်ကျေးရွာ ချင်းတွင်းမြစ်ကမ်းနံဘေးတွင်ဆိုက်ကပ်ထားသော ပုဂ္ဂလိကပိုင် မြဝတီ (ဝဝ၃)သင်္ဘောပေါ်တွင် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီ (ဝဝ၃) သင်္ဘောတွင်လုပ်ငန်းအတူတူ လုပ်ကိုင်နေကြသောကိုမြင့်ခိုင်(၃၄)နှစ်စက်ပြင်ကျောက်မျက်ကျေးရွာ ဆားလင်းကြီးမြို့နယ်နေသူနှင့် ကိုကောင်းဇော်လင်း (၃၆)နှစ်စက်ပြင်၊ အလယ်ကျော်ကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်နေသူတို့သည် စကားအချေအတင်ပြောရာမှ ကိုကောင်းဇော်လင်းမှ ကိုမြင့်ခိုင်အား အရိုးအသွား (၉) လက်မခန့်ရှိသည့် စကေဘာဖြင့် ထိုးလိုက်ရာ ကိုမြင့်ခိုင်မှာ ဝဲရင်ဘတ်ပေါက်ပြဲ ဒဏ်ရာရရှိခဲ့၍ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာရရှိသော ဒဏ်ရာဖြင့် ကိုမြင့်ခိုင်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုကောင်းဇော်လင်း(၃၆)နှစ် စက်ပြင်အလယ်ကျော်ကျေးရွာ မော်လမြိုင်ကျွန်းမြို့နယ်နေသူအား ဆားလင်းကြီးမြို့မြို့မရဲစခန်းမှအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဦးငယ် (ဆားလင်းကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချင်းတွင်းမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်၌ လူသတ်မှုဖြစ်ပွား ချင်းတွင်းမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.