သမီးအရင်းအား ၁၈၂ ကြိမ် မုဒိန်းကျင့်ခဲ့သည့်ဖခင်ကို အမှုပေါင်း ၅၅၉ မှုဖြင့် စွဲချက်တင်


11-8-2018

မလေးရှားနိုင်ငံ Petaling Jaya ခရိုင်အတွင်းက Sungai Way မှာ ဖြစ်ပွားခဲ့တဲ့ အသက် (၁၃)နှစ်သမီးကို (၂)နှစ်အတွင်း အကြိမ်းပေါင်း ၁၈၂ ကြိမ် မုဒိန်းကျင်ခဲ့သူ အသက်(၃၆)နှစ်အရွယ် တရားခံအမျိုးသားအား ခလေးသူငယ် မုဒိန်းမှုဆိုင်ရာ ကာကွယ်ရေးဥပဒေ 376A -Section 14 အရ အမှုပေါင်း ၅၅၉ မှုနဲ့  ရုံးတင်တရားစွဲခဲ့ပါတယ်။

တရားခံဖြစ်သူဟာ သမီးအရင်းကို အလိုမတူပဲ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံသုံးကာ ညင်းပန်း မုဒိန်းကျင့်နေခဲ့တဲ့အပြင် ရိုက်နှက်ခြိမ်းခြောက်ခဲ့တဲ့ ပြစ်မှုတွေအတွက် တရားစွဲတဲ့ အမိန့် စာကို တရားသူကြီးတွေ တဦးချင်းလူပြောင်းပြီး ဖတ်ကြားတဲ့ အချိန်ဟာ (၆)နာကျော် ကြာခဲ့ပါတယ်။



တရားခံဟာ သမီးဖြစ်သူအပြင် တခြားမိန်းခလေးနှစ်ဦးကိုလည်း မုဒိန်းကျင့်ခဲ့တဲ့ အမှုတွေပါ ပေါ်လာခဲ့ပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာဥပဒေ အမျိုးဆောင်တွေက ဦးဆောင်တရားစွဲဆိုခဲ့ပါတယ်။

တရားလိုရှေ့ နေကတော့ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ချမယ်ဆိုရင် အမှု ငါးရာကျော်အတွက် ပြစ်ဒဏ်နှစ်ပေါင်း တသောင်းကျော် ကျနိုင်တယ်လို့  ပြောဆိုသွားပါတယ်။

Social Action for Children and Women - SAW
သမီးအရင်းအား ၁၈၂ ကြိမ် မုဒိန်းကျင့်ခဲ့သည့်ဖခင်ကို အမှုပေါင်း ၅၅၉ မှုဖြင့် စွဲချက်တင် သမီးအရင်းအား ၁၈၂ ကြိမ် မုဒိန်းကျင့်ခဲ့သည့်ဖခင်ကို အမှုပေါင်း ၅၅၉ မှုဖြင့် စွဲချက်တင် Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.