တက္ကသိုလ်ကျောင်းသူ ကောင်မလေးကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို ဖမ်းမိ


မော်လမြိုင်၊ သြဂုတ် ၅

တက္ကသိုလ်ကျောင်းသူ ကောင်မလေးအား ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ် မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်၊ ကျိုက်မရောကားလမ်းဘေးရှိ “ဦးညာ ထန်းရည်ဆိုင်”၌ ဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းထံမှ သိရသည်။

“ကျွန်တော်ဆီ ဖုန်းဝင်လာတယ် မော်လမြိုင်- ကျိုက်မရောကားလမ်းဘေးမှာ အမျိုးသမီးတစ်ဦး လှဲနေတယ်ဆိုလို့ ချက်ချင်းသွားရောက်ပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်၊ ကောင်မလေးကို ဘာဖြစ်လဲမေးတာ ဘာစကားမှလည်း ပြန်မပြောဘူး၊ အဲဒီဆေးရုံက သူနာပြုဆရာမတစ်ဦးပြောတာတော့ သားမယားပြုခံထားရတဲ့ လက္ခဏာ တွေ့ရတယ်၊ အတည်ပြုဖို့ကျတော့ ဆရာဝန်မှ ပြောလို့ရမယ်”ဟု ကောင်မလေးအား သွားရောက် တင်ဆောင်ခဲ့သည့် မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူမှုဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ် ၊ မုတ္တမမြို့ သူဌေးကုန်းရပ်ကွက်နေ အဝေးသင် စတုတ္ထနှစ် (ဓာတုဗေဒ) ကျောင်းသူ မ------ သည် သြဂုတ် ၄ ရက်၌ ကျူရှင်တက်ရန် မော်လမြိုင်မြို့သို့ ထွက်လာစဉ် ရည်စားဖြစ်သူ လဆစ်ဘိုင် (ခ) ဝေယံလင်းနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် ကမ်းနားလမ်း ဘိုဘွားရိပ်သာစားသောက်ဆိုင်တွင် ရည်းစားနှင့် အတူရှိနေစဉ် ၎င်း၏ သူငယ်ချင်းဖြစ်သူ အာလီဆိုသူ ရောက်လာ၍ မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်၊ ကျိုက်မရောကားလမ်းဘေးရှိ “ဦးညာ ထန်းရည်ဆိုင်” သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

လဆစ်ဘိုင်နှင့် အာလီတို့နှစ်ဦးသည် မ------ကို ထန်းရည်အတင်းတိုက်သဖြင့် သုံးခွက်သောက်ခဲ့ကြောင်း မူးနေချိန်တွင် ရည်းစားသူ လဆစ်ဘိုင်ဆိုသူမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ပြီး မ-----ကို ယင်းထန်းရည်ဆိုင်၌ ထားခဲ့ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်းသူအား သြဂုတ်လ ၅ ရက် နံနက် (၁) ခန့်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကောင်မလေးကို အဓမ္မပြုကျင့်ခဲ့သူ လဆစ်ဘိုင် (ခ) ဝေယံလင်းကို မြိုင်သာယာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/

တက္ကသိုလ်ကျောင်းသူ ကောင်မလေးကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို ဖမ်းမိ တက္ကသိုလ်ကျောင်းသူ ကောင်မလေးကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို ဖမ်းမိ Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.