33kV လျှပ်စစ်ဓာတ်တိုင်းနှင့် လူနေအိမ်အား ၂၂ ဘီး ယာဉ် ဝင်တိုက်


သထုံ၊ သြဂုတ်​ ၆

မွန်​ပြည်​နယ်​၊ သထုံမြို့နယ်​၊ မိုး​ကောင်း​ကျေး ရွာအုပ်​စု၊ ဖော်ဖရွာအနီး ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးလမ်းဘေးရှိ 33 kV လျှပ်စစ်ဓာတ်တိုင်အား ၂၂ ဘီးယာဉ်​သည် သြဂုတ် ၆ရက် နံနက် ၄နာရီခန့်တွင် ဝင်တိုက်ခဲ့ကြောင်း သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ သိရသည်။

" မြဝတီမှာ ကုန်​သွားတင်​ဖို့ ရန်​ကုန်​ကထွက်​ခဲ့တာပါ၊ ရုတ်​တရက်​ အိပ်​ငိုက်​ပြီး ဝင်​တိုက်​မိတာ"ဟု ယာဉ်​​မောင်း ​ ​ထွန်းမင်းဦးက ပြောသည်​။


အဆိုပါ ယာဉ်တိုက်မှုကြောင့် လျှပ်စစ်ဓာတ်တိုင် နှစ်တိုင် ပျက်စီးခဲ့၍ ဓာတ်တိုင်အနီး နေအိမ်​တစ်လုံး၏ မျက်နှာစာအား ထပ်မံဝင်တိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

" လာတိုက်​တဲ့ နေရာက မိသားစု အိပ်​ခန်းပါ၊ လူထိခိုက်မှုတော့မရှိဘူး၊" ဟု အိမ်​ရှင်​ဖြစ်သူ ကိုကျော်ခိုင်ဦးက ​ပြောသည်​။

အဆိုပါ ဖြစ်စဉ်ကြောင့် ဘီးလင်းမြို့၊ တောင်စွန်းမြို့နှင့် အနီးတစ်ဝိုက်​​ ကျေးရွာများ၌ လျှပ်​စစ်​မီးပြတ်​​တောက်​လျက်​ရှိ​ကြောင်း သိရသည်​။

သတင်း၊ ဓာတ်ပုံ-နိုင်ဇော်ဗိုလ်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
33kV လျှပ်စစ်ဓာတ်တိုင်းနှင့် လူနေအိမ်အား ၂၂ ဘီး ယာဉ် ဝင်တိုက် 33kV လျှပ်စစ်ဓာတ်တိုင်းနှင့် လူနေအိမ်အား ၂၂ ဘီး ယာဉ် ဝင်တိုက် Reviewed by THITHTOOLWIN on 09:09 Rating: 5
Powered by Blogger.