ထိုင်းနိုင်ငံတောင်ပိုင်း တွင် စားသောက်ဆိုင် စားပွဲထိုးလုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသူ တဦး အသတ်ခံရ


ထိုင်းနိုင်ငံ တောင်ပိုင်း ပူးကက် မြို့ နယ် Rawai ရာဝေ ပင်လယ်အကမ်းစပ် နေရာ က စားသောက်ဆိုင် အလုပ်သမား မသီတာ အသက်၂၀ ကို သူမနေထိုင်နေတဲ့ အခန်းအတွင်းမှာ သြဂုတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက သေဆုံးနေတာကို တွေ့ ခဲ့တာပါ။

မွှေ့ ယာပေါ်မှာ လည်ပင်းကိုကြိုးနဲ့ ပါတ်ပြီး သတ်သွားခဲ့တာလို့ အမှုလိုက်စစ်ဆေးရေး ရဲ့ အရာရှိက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


သေဆုံးသူ မသီတာ ဟာ ရုပ်ရည်ချောမောပြီး ပျော်ပျော်နေတတ်သူဖြစ်တယ်၊ သူမမှာမြန်မာအမျိုးသားလူငယ်တဦးနဲ့  ချစ်ကြိုက်နေပြီး သူမကို ကြိုက်နေတဲ့သူတွေများတယ်လို့  သူမနဲ့  ရင်းနှီးသူတွေကပြောပါတယ်။

သူမကိုမည်သူမည်ဝါ သတ်သွားတယ်ဆိုတာကို ရဲတပ်ဖွဲ့ က အခင်းဖြစ်ပွားတဲ့နေရာနဲ့  အနီးဆုံးမှာရှိတဲ့ CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးနေပြီး စားသောက်ဆိုင်ဝန်ထမ်းတွေကို လည်း စစ်ဆေးမေးမြန်း နေတာတွေ့ ရပါတယ်။

Social Action for Children and Women - SAW
ထိုင်းနိုင်ငံတောင်ပိုင်း တွင် စားသောက်ဆိုင် စားပွဲထိုးလုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသူ တဦး အသတ်ခံရ ထိုင်းနိုင်ငံတောင်ပိုင်း တွင် စားသောက်ဆိုင် စားပွဲထိုးလုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသူ တဦး အသတ်ခံရ Reviewed by THITHTOOLWIN on 08:46 Rating: 5
Powered by Blogger.