H1N1 သံသယရှိလူနာအိမ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့က H1N1 သံသယရှိတဲ့ လူနာရဲ့ နေအိမ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သြဂုတ်လ(၁၂)ရက် ဒီနေ့သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သံသယရှိတဲ့ လူနာဟာ (၁၈)နှစ်အရွယ်ရှိတယ်လို့ သိရပါတယ်။


 အဲဒီနောက် ၀န်ကြီးချုပ်ဟာ ရပ်ကွက်ထဲမှာ နေထိုင်သူတွေကို H1N1နဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပါတယ်။ ၀န်ကြီးချုပ်ဟာ ၀က်လက်နဲ့ ခင်ဦးမြို့နယ်တွေမှာလည်း အသိပညာပေးလှုံ့ဆော်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။


 ဒါ့အပြင် ဆားလင်းကြီး၊ ကနီ၊ ရေဦးမြို့နယ်တွေမှာလည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးတွေ ကွင်းဆင်းပြီး H1N1 အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ H1N1 Positive တွေ့ရသူ (၅)ဦးရှိပြီး သူတို့ကို မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - SRIP
5 PLUS NEWS
https://www.facebook.com/5plusnews
H1N1 သံသယရှိလူနာအိမ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် H1N1 သံသယရှိလူနာအိမ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.