ပဲခူးမြို့အမှတ် (၂) ရဲစခန်းမှ တရားခံ လုယက်သူများ ဝေါမြို့ တွင် ဖမ်းဆီးရမိ

ပဲခူးမြို့အမှတ် (၂) ရဲစခန်းမှ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခံရသည့် တရားခံနှင့် ယင်းတရားခံလုယက်မှု ကျူးလွန်သူအား ဝေါမြို့ တွင် ဖမ်းဆီးရမိ
ဝေါ သြဂုတ် (၁၉)

ပြီးခဲ့သည့် ဇူလိုင်လ( ၃၁) ရက်နေ့က ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ တရားခံလုယက်ထွက်ပြေးသူနှင့် တရားခံအား သြဂုတ်လ (၁၉) ရက်နေ့  က ဝေါမြို့မဈေးအနီးတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးမြို့ အမှတ် (၂) စခန်းမှူး ရဲအုပ်ချစ်ကြည် ဝေါမြို့ မစခန်းမှူး ဒုရဲမှူးတင့်ဆွေ နှင့် ပဲခူးအမှတ်( ၂ )စခန်း အပိုင်နယ်ထိန်းများ ဝေါမြို့ မစခန်းမှ နယ်ထိန်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားခံပြေးများအား သတင်းအရ နေ့လည် (၁) နာရီကျော်အချိန်ခန့် က ဝေါမြို့မဈေးလမ်းကြားအနီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


တရားခံများအား ဖမ်းဆီးစဉ် အရိုးအသွား (၂) ပေနီးပါးရှိ ဓားဖြင့် ပြန်လည်ခုခံသဖြင့် အမှတ် (၂)စခန်းမှူးရဲအုပ်ချစ်ကြည်မှာ ဝဲလက်မ ပြတ်ရှဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တရားခံပြေးများဖြစ်သည့် အောင်ဖြိုးဝေ ခေါ် ဝက်ပုတ် နှင့် တရားခံအား လုယက်သူ ထက်လင်းကျော် ခေါ် မိုးဒီတို့ အားပဲခူးမြို့ အမှတ် (၂ )ရဲစခန်းမှ(ပ)၄၈၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၅/ ၂၂၄ နဲ့ အမှုဖွင့်လှစ်ထားသော တရားခံပြေးများဖြစ်ကြောင်း ဆက်လက်သိရှိရသည်။

WAW MEDIA
https://www.facebook.com/reporter.wawmedia
ပဲခူးမြို့အမှတ် (၂) ရဲစခန်းမှ တရားခံ လုယက်သူများ ဝေါမြို့ တွင် ဖမ်းဆီးရမိ ပဲခူးမြို့အမှတ် (၂) ရဲစခန်းမှ တရားခံ လုယက်သူများ  ဝေါမြို့ တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.