အမြန်​လမ်းမကြီး​ပေါ်၌ Toyota ​မော်​​တော်​ယာဉ်​ မှ ဆိုင်​ကယ်​အားတိုက်​မိ တစ်​ဦး​သေ၊ တစ်​ဦးဒဏ်​ရာရ


နေပြည်​​တော်​၊ သြဂုတ်​ ၁၉

ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းမကြီး၏ မိုင်​တိုင်​အမှတ်​ ၁၃၉/၁နှင့်​၁၃၉/၂အကြားတွင်​ ယ​နေ့နံနက်​ ၉နာရီခွဲတွင်​ ​အောင်​ချမ်း​မြေ့ ​မောင်းနှင်​ပြီး ​နောက်​ထိုင်​ခုံတွင်​ ကိုသူ စီးနှင်​လိုက်​ပါလာ​သော Dying 110 ​မော်​​တော်​ဆိုင်​ကယ်​မှာ အမြန်​လမ်းမကြီး လမ်းလယ်​ကျွန်းဖြတ်​မှ အ​နောက်​ဖက်​သို့ဖြတ်​​မောင်းစဉ်​ ​နေပြည်​​တော်​ဘက်​မှ ရန်​ကုန်​ဘက်​သို့ ယာဉ်​​မောင်း​နေမျိုး​အောင်​ ​မောင်းနှင်​လာ​သော Toyota belta ​မော်​​တော်​ယာဉ်​ နှင့်​တိုက်​မိခဲ့သည်​။


ဖြစ်​စဉ်​​ကြောင့်​ ဆိုင်​ကယ်​​မောင်းနှင်​သူမှာ​နေရာတွင် ​​သေဆုံးသွားခဲ့ပြီး ​နောက်​မှ စီးနင်းလိုက်​ပါသူမှာ ဒဏ်​ရာရရှိခဲ့သည်​။ toyota ယာဉ်​​ပေါ်တွင်​ပါရှိသူ ၃ ဦးမှာထိခိုက်​မှု မရှိ​သော်​လည်း ယာဉ်​မှာအနည်းငယ်​ပျက်​စီးသွားသည်​။ ဖြစ်​စဉ်​တွင်​​သေဆုံးသွားသူနှင့်​ ဒဏ်​ရာရရှိသွားသူများအား ​ဗောဓိကုန်းအ မြန်​လမ်းရဲတပ်​ဖွဲ့ပိုင်​ယာဉ်​ဖြင့်​  အုတ်​တွင်း​ဆေးရုံသို့ ပို​ဆောင်​​ပေးခဲ့ရသည်​။

သိုပါ၍အမြန်​လမ်းမကြီး​ပေါ်တွင်​ ဆိုင်​ကယ်​ အ​နှေးယာဉ်​တက်​​ရောက်​​မောင်းနှင်​ခွင့်မ ရှိပဲ တက်​​ရောက်​​မောင်းနှင်​သူ ဆိုင်​ကယ်​အားသက်​ဆိုင်​ရာမှ အမှုဖွင့်​ထားပြီး ဆိုင်​ကယ်​အား သိမ်းဆည်းခဲ့​ကြောင်းသိရသည်​။

သန်းဦး(​လေးမျက်​နှာ)
ဓာတ်​ပုံ /အမြန်​လမ်းရဲတပ်​ဖွဲ့
Min Myat Oo (fb)
အမြန်​လမ်းမကြီး​ပေါ်၌ Toyota ​မော်​​တော်​ယာဉ်​ မှ ဆိုင်​ကယ်​အားတိုက်​မိ တစ်​ဦး​သေ၊ တစ်​ဦးဒဏ်​ရာရ အမြန်​လမ်းမကြီး​ပေါ်၌ Toyota ​မော်​​တော်​ယာဉ်​ မှ ဆိုင်​ကယ်​အားတိုက်​မိ တစ်​ဦး​သေ၊ တစ်​ဦးဒဏ်​ရာရ Reviewed by THITHTOOLWIN on 16:25 Rating: 5
Powered by Blogger.