မောင်တော-ဘူးသီးတောင်ကားလမ်းပေါ်ရှိ လိုဏ်ခေါင်းငယ်အတွင်း သိုဝှက်ထားသော ယာဘားဆေးပြား ၄ သိန်းကျော်ကို ဖမ်းဆီးရမိ

(ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို တွေ့ရစဉ်)
နိရဉ္စရာ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်သွား ကားလမ်းဘေးရှိ လက်ရှိ အသုံးမပြုတော့သည့် လိုဏ်ခေါင်းငယ် (တောင်ခေါင်းချေ) အတွင်းမှ သိုဝှက်ထားသော ယာဘား စိတ်ကြွဆေးပြား ၄၇၅၂၀၀ ပြားကို သြဂုတ်လ ၁၄ ရက် ညနေပိုင်းက သက်ဆိုင်ရာမှ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိသည်ဟု သတင်းရရှိသည်။

၎င်း ယာဘားဆေးပြားများအား သတင်းအရ ရဲတပ်ဖွဲ့ဝင်များက လိုင်ခေါင်းအတွင်း ၀င်ရောက် ရှာဖွေရာမှ လှိုင်ခေါင်းထဲ အလယ်တည့်တည့် ယာဘက် ရေမြောင်းဘေးတွင် ယောင်္ကျား ဝတ်ပုဆိုးနှင့် ထုပ်ပတ်ထည့်ထားသည့် ဆလာအိတ် ၃ အိတ် အတွင်းမှ သိမ်းဆည်း မိခြင်း ဖြစ်ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ဆာလာအိတ်တွေကို ဖွင့်ဖောက်ကြည့်တော့ ပန်းရောင် WY အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၉၉၀၀ ပြားစီပါတဲ့ အထုပ်ပေါင်း ၄၈ ကိုတွေ့ရှိပါတယ်။ စုစုပေါင်း အရေအတွက်က ၄၇၅၂၀၀ ပြားဖြစ်ပါတယ်။ ကာလတန်ဖိုး သိန်းပေါင်း ၉ ထောင်ငါးရာ လေးသိန်းတန်ဖိုးရှိပါတယ်” ဟု ၄င်းရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

၎င်းမူးယစ်ဆေးဝါးများကို တောင်ဘဇားနယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်မြင့်ဦး၊ မောင်တော (၆)မိုင် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူထားသော မူးယစ်တပ်ဖွဲ့စု (၄၆) မှ ရဲအုပ်အောင်ကျော်ဦး၊ နယ်ခြားစောင့် အမှတ်(၂ )မှ ဒုရဲအုပ်သာမောင်နှင့် မောင်တော (၄) မိုင် အုပ်ချုပ်ရေးမှူး
ဦးမောင်လှကျော်တို့ ဦးဆောင် ပူးပေါင်းတပ်ဖွဲ့များမှ ၀င်ရောက်ရှာဖွေရာမှ သိမ်းဆည်းမိခြင်း ဖြစ်သည်။

ပိုင်ရှင်အမှန် ဖော်ထုတ်နိုင်ရေး အတွက် ရဲအုပ် အောင်ကျော်စိုး မှ တရားလိုပြုလုပ်တိုင်တန်း၍ တောင်ဘဇား နယ်မြေရဲစခန်း မယ(ပ)၅/၂၀၁၇ မူ/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်ကျော်မင်း
Narinjara
https://www.facebook.com/Narinjara
မောင်တော-ဘူးသီးတောင်ကားလမ်းပေါ်ရှိ လိုဏ်ခေါင်းငယ်အတွင်း သိုဝှက်ထားသော ယာဘားဆေးပြား ၄ သိန်းကျော်ကို ဖမ်းဆီးရမိ မောင်တော-ဘူးသီးတောင်ကားလမ်းပေါ်ရှိ လိုဏ်ခေါင်းငယ်အတွင်း သိုဝှက်ထားသော ယာဘားဆေးပြား ၄ သိန်းကျော်ကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.