ဟုမ္မလင်းမြို့နယ် ဟဲဖက်ရွာအနီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


သြဂုတ်​ ၁၅ ၊ ဟုမ္မလင်း

ဟုမ္မလင်းမြို့နယ် ဟဲဖက်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း နမ့်တောအုပ်စု အုပ်ချုပ်ရေးမှူးဦးနေ၀င်းက ပြောသည်။

သေဆုံးသူမှာ လက်ပံသာကျေးရွာမှ ဦးကျော်မိုး(ခ)ဦးအောင်ကျော်မိုးဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

၎င်းကို သြဂုတ်လ ၁၃ ရက်က ဟဲဖက်ကျေးရွာအနီးတွင် သေနတ်ဖြင့်ပစ်ကာ ချောင်းကြီးချောင်းအတွင်းပစ်ချသွားခဲ့သဖြင့် သက်ဆိုင်ရာမှ လိုက်လံရှာဖွေရာ ယနေ့ သြဂုတ်လ၁၅ရက် နံနက်ပိုင်းအချိန်၌ သေဆုံးသူကို ချောင်းအတွင်းက ပြန်လည်ဆယ်ယူရရှီခဲ့ပြီး နမ့်တောဆေးရုံသို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ထားကြောင်း ၄င်းက ပြောသည်။

အဆိုပါ အမှုအတွက် မိုင်းကိုင်းနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်မျိုးမင်းညွန့်ထံ ရှမ်းနီအသံက ဆက်သွယ်မေးမြန်းရာ ယခုတရားခံဟုယူဆသူနောက်လိုက်နေပါကြောင်းနှင့်ဆယ်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်ဖြေကြားပေးနိုင်ခဲ့ခြင်းမရှိပါ။

ဟုမ္မလင်းမြို့နယ်အတွင်း ယခုနှစ်အတွင်း လူသတ်အကြမ်းဖက်မှုများ၊ လုယက်မှုများ မကြာခဏဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကြောင့်ဟု ဒေသခံများကယူဆကြပြီး မိမိတို့လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြကြောင်း ပြောသည်။

The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal/
ဟုမ္မလင်းမြို့နယ် ဟဲဖက်ရွာအနီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ ဟုမ္မလင်းမြို့နယ် ဟဲဖက်ရွာအနီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.