နီပေါနိုင်ငံတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၉၁ဦးအထိ မြင့်တက်လာ

နီပေါနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုများ ဖြစ်ပွားစဉ် (ဆင်ဟွာ)
    ခတ္တမန္ဒူ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

    နီပေါနိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် သြဂုတ် ၁၄ရက် ညနေပိုင်းတွင် လူ၉၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ပြောကြားချက်အရသိရသည်။

သဘာဝဘေးအန္တရာယ်များကြောင့် အနည်းဆုံး လူ ၃၈ဦး ပျောက်ဆုံးနေပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ကာ အထူးသဖြင့် နီပေါနိုင်ငံ တောင်ပိုင်း မြေပြန့်ဒေသတွင် ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက သြဂုတ်၁၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

နီပေါနိုင်ငံ တစ်ဝန်း သြဂုတ် ၁၁ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရသည်။


ဝန်ကြီးဋ္ဌာနက ရေကြီး၊ မြေပြိုမှုများကြောင့်နေအိမ်အလုံးပေါင်း ၂,၈၄၇လုံး လုံးဝပျက်စီးခဲ့ပြီး အခြားအမျိုးမျိုးသော အခြေခံအဆောက်အအုံ ၃,၇၂၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံ အစိုးရက ဝန်ထမ်း ၂၆,၇၀၀ဦး၊ နီပေါစစ်ရဟတ်ယာဉ် ၇စီး၊ ပုဂ္ဂိလပိုင် ရဟတ်ယာဉ် ၆စီး၊ အမြန်ရေယာဉ်များ နှင့် ရာဘာလှေများ ဖြန့်ကျက်ထောက်ပံ့ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
နီပေါနိုင်ငံတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၉၁ဦးအထိ မြင့်တက်လာ နီပေါနိုင်ငံတွင် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူ ၉၁ဦးအထိ မြင့်တက်လာ Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.