ကမာရွတ်​မြို့နယ်​စခန်းမှူး ကားတိုက်ခံရမှုကြောင့် သေဆုံး

ဓာတ်ပုံ-ကမာရွက်မြို့မ ရဲစခန်း
ရန်ကုန် ၊ သြဂုတ်​ ၇။

တက္ကသိုလ်​ရိပ်​သာလမ်းတွင် ​ဖြစ်​ပွားသည့်​ ယာဉ်​တိုက်​မှုကို သွား​ရောက် ​ရှင်းလင်းသည့်​ ကမာရွတ်​မြို့နယ်​ ရဲစခန်းမှူး​ဒုရဲမှူးစိုး​အောင်​မှာ အဆိုပါ အခင်းဖြစ်​ပွားရာ​နေရာတွင်​ ထပ်​မံဖြစ်​ပွားသည့်​  ယာဉ်​တိုက်​မှုဖြင့်​သေဆုံးခဲ့​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်​ရှိသူတစ်​ဦးက​ပြောသည်​။

``ယာဉ်​တိုက်​မှု​ကြောင့်​သေဆုံးတယ်​ဆိုတာ ဟုတ်​ပါတယ်​။ ဖြစ်​စဉ်​အ​သေးစိတ်​ကိုကျွန်​​တော်​တို့ဆက်​ပြီးထုတ်​ပြန်​ပေးပါမယ်​ ´´ဟု၎င်းက​ပြောသည်​။

တက္ကသိုလ်​ရိပ်​သာလမ်း​ ဓမ္မာရုံ​ရှေ့တွင်​ သြဂုတ်​လ၇ရက်​​နေ့ နံနက်​၂နာရီခန့်​က ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့ရာ သွား​ရောက်​ရှင်းလင်း​ဆောင်​ရွက်​​နေစဉ်​ ဟွန်​ဒါစီဗစ်​ယာဉ်​မှ အရှိန်​မထိမ်းးနိုင်​ပဲ ၀င်​​တိုက်​ခဲ့​ခြင်းဖြစ်​​ကြောင်း သိရသည်​။

ဟွန်​ဒါစီဗစ်​ယာဉ်​​မောင်းနှင်​သူမှာ အရက်​​သေစာ ​သောက်​စားထားကာ ၄င်းကို ဖမ်းဆီးထားပြီးဖြစ်​ကြောင်း သိရသည်။

KTM
Central News Myanmar
https://www.facebook.com/CNMyanmar/
ကမာရွတ်​မြို့နယ်​စခန်းမှူး ကားတိုက်ခံရမှုကြောင့် သေဆုံး ကမာရွတ်​မြို့နယ်​စခန်းမှူး ကားတိုက်ခံရမှုကြောင့် သေဆုံး Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.