သုဿာန် (၂) ခုရွှေ့ပြောင်းနိုင်ဖို့ ၀ိညာဉ်တွေကို တော်ဝင်ဘုံစံကျောင်း တိုက်ဆရာတော်ဘုရားကြီးက ဦးဆောင်စီစဉ်နေ


မုံရွာမြို့မြောက်ဖက် မြို့သစ်ရပ်ကွက် သုဿာန်နဲ့ အိုးဘိုတောင် ရပ်ကွက်သုဿာန်တွေကို ဖျက်သိမ်းတော့မှာဖြစ်တဲ့ ဝိညာဉ်တွေကို ပြောင်းရွှေ့ဖို့ မုံရွာမြို့တ်ာဝင် ဘုံစံကျောင်းတိုက်ဆရာကြီးက ဦးစီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။

 ပြောင်းရွှေ့တဲ့အခါမှာလည်း စည်ပင်သာယာရေး ကော်မတီအနေရဲ့ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ် ။ လာမယ့် သြဂုတ်လ(၁၁)ရက်နေ့ နေ့လည်(၁)နာရီမှာ ကား(၃)စီးအသုံးပြုပြီးပြောင်းရွှေ့ဖို့ စီစဉ်ထားပါတယ် ။ မြို့သစ်ရပ်ကွက် သုဿာန်နဲ့ အိုးဘိုတောင် ရပ်ကွက်သုဿာန်တွေကို ပီးခဲ့တဲ့ လကုန်ကစပြီး မြေချခွင့်ပိတ်ပင်ထားပါတယ် ။


လာမယ့် သောကြာနေ့မှာ တော်ဝင်ဘုံစံကျောင်းတိုက်ဆရာတော် ဦးဆောင်ပြီး ဆရာတော်သံဃာတော်တွေက ဝိညာဉ်တွေကိုရွေ့ပြောင်းပေးမှာဖြစ်ပြီး ဝိညာဉ်တွေတင်ဖို့ စည်ပင်ကား(၃)စီး နဲ့ သံဃာတော်တွေအတွက်(၂) စီး စီစဉ်ထားတယ်လို့ သိရပါတယ် ။ အမိန့်ပြန်တမ်း၊ သုဿာန်ပိတ်သိမ်းနေကြ အလေ့အထတွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။ ရွှေ့ပြီး နောက်တစ်ရက်မှာ
မြေသန့်ရှင်းရေးတွေကို စက်အားသုံးပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သုဿာန်နှစ်ခုကို တပြိုင်တက်တည်းရွှေ့ပြောင်းတဲ့အခါမှာ အဆင်ပြေစေဖို့ တာဝန်ရှိသူတွေ စုပေါင်းလုပ်ဆောင်နေကြတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည်ကဆိုပါတယ် ။

သတင်းထောက် ……. မျိုးဝင်းထွန်း (မုံရွာ)
5 PLUS NEWS
https://www.facebook.com/5plusnews
သုဿာန် (၂) ခုရွှေ့ပြောင်းနိုင်ဖို့ ၀ိညာဉ်တွေကို တော်ဝင်ဘုံစံကျောင်း တိုက်ဆရာတော်ဘုရားကြီးက ဦးဆောင်စီစဉ်နေ သုဿာန် (၂) ခုရွှေ့ပြောင်းနိုင်ဖို့ ၀ိညာဉ်တွေကို တော်ဝင်ဘုံစံကျောင်း တိုက်ဆရာတော်ဘုရားကြီးက ဦးဆောင်စီစဉ်နေ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.