မုံရွာမြို့ပတ်လမ်းပေါ်တွင် ယောကျာ်းမှ မိန်းမကို ဓားဖြင့် မွှန်း၍ ဓာတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား


မုံရွာ၊ ဩဂုတ် ၇။

မုံရွာမြို့ မြို့ပတ်လမ်းပေါ် သာစည်လမ်း အ၀ိုင်းပတ်နှင့် ကမ္မကျေးရွာအကြားတွင် သြဂုတ် ၆ ရက်နေ့ မှောင်ရီပျိုးချိန်က လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ယောကျာ်းမှ မိန်းမကို ဓားဖြင့် မွှန်း၍ ဓာတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဓားဖြင့် မွှန်း၍ မီးရှို့ခံရသူ အသက် ၁၇ နှစ်အရွယ် မ ဖြိုးဖြိုးအိ (ခ) မမြတ်နိုး မှာ လည်ပင်း၊လက်ကောက်ဝတ်တို့တွင် ဓားဒဏ်ရာနှင့် လက်ခြေထောက်တို့တွင် မီးလောင်ဒဏ်ရာများရရှိပြီး လမ်းသွားလမ်းလာများအား အကူအညီတောင်းခဲ့၍ ကမ္မရွာ ဒေသခံများမှ စေတနာသုခ လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သော ယောက်ျားမှာ ပြည်တော်သာရပ်ကွက်ရှိ နေအိမ်သို့ ပြန်ပြေးသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီး နိုင်ခဲ့သည်။ မိန်းမဖြစ်သူအား ဓားဖြင့် လှီး၍ မီးရှို့ရန်ကြံသူ မောင်တင် (ခ) တင်ဌေးကို ပြည်တော်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်၍ နယ်မြေ ရဲစခန်းတွင် တိုင်ကြားသဖြင့် ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာမြို့ပတ်လမ်းပေါ်တွင် ယောကျာ်းမှ မိန်းမကို ဓားဖြင့် မွှန်း၍ ဓာတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား မုံရွာမြို့ပတ်လမ်းပေါ်တွင် ယောကျာ်းမှ မိန်းမကို ဓားဖြင့် မွှန်း၍ ဓာတ်ဆီလောင်း မီးရှို့မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.