မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း က ဖိလစ်ပိုင် အမျိုးသမီးအသင်းအား ၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ယှဉ်ပြိုင်ကစားဟန်အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)
    ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

    ၂၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင်  မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း က ဖိလစ်ပိုင်အမျိုးသမီးအသင်းအား  ၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ မလေးရှားစံတော်ချိန် ၄နာရီ၊ မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် အချိန်၊ UM ARENA တွင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ ခင်မိုးဝေ၊ ဝင်းသိဂီ င်္ထွန်း၊ ရီရီဦး၊ နော်အာလိုဝါဖောတို့မှ အနိုင်ဂိုးများသွင်းယူခဲ့ကြခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်များမပြီးသေးသော်လည်း မြန်မာအမျိုးသမီးအသင်းသည်ကစားရန်ပွဲကုန်ပြီဖြစ်ပြီး ရမှတ် ၆ မှတ်ဖြင့် ကြေးတံဆိပ်ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။

မလေးရှားနိုင်ငံမှ လာရောက်အားပေးမည့် ဘောလုံးပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်စောင်ရေ ၂၀၀ ဝယ်ယူထားပြီး အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် စီစဉ်ပေးထားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

  (Xinhua)
http://www.xinhuamyanmar.com
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း က ဖိလစ်ပိုင် အမျိုးသမီးအသင်းအား ၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း က ဖိလစ်ပိုင် အမျိုးသမီးအသင်းအား ၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.