ပေါင်မြို့နယ်တွင် ချောင်းအတွင်း ပုပ်ပွနေသော အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအပိုင် ဆားချောင်းအတွင်း၌ သြဂုတ် ၂၁ ရက်၊ နံနက်ပိုင်းက ပုပ်ပွနေသော အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ပေါင်မြို့နယ်၊ ရင်းငြိမ်နယ်မြေ ရဲစခန်းမှ သိရှိရသည်။
 “ရွာသားတစ်ယောက်က လယ်ထဲကနေ ဈေးသွားဖို့လာတဲ့အချိန်မှာ ချောင်းထဲမှာ လူသေအလောင်းတွေ့တယ် လို့ အကြောင်းကြားတာနဲ့ သွားရောက်စစ်ဆေးတာပါ။ ပြင်ပဒဏ်ရာတော့ တစ်စုံတစ်ရာမှ မတွေ့ပါဘူး။ သေသူ ဘယ်သူဆိုတာတော့ မသိသေးဘူး။ စုံစမ်းနေတုန်းပါ။”ဟု ပေါင်မြို့နယ်၊ ရင်းငြိမ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ဌေးက ပြောသည်။

ရွာတန်းရှည်ကျေးရွာ ကွင်းအမှတ်(၇၆၆)လယ်ကွင်းဘေးရှိချောင်းတွင် အမျိုးသားတစ်ဦးသေဆုံးကြောင်း သတင်းအရ ရင်ငြိမ်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အကျယ်(၁၅)ပေ၊ အနက်(၄)ပေခန့် ရှိချောင်းအတွင်း ရေထဲ၌ အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို မျက်လုံးပြူး၊ လျှာထွက်၊ ခန္ဓာကိုယ်အရေပြားများပြဲ၍ ပုပ်ပွနေသည့် အနေထားဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ ရင်းငြိမ်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၄၁/ ၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ်နှင့် သေဆုံးသူမှာ မည်သူမည်ဝါမှန်း သိရှိစေရန် စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပေါင်မြို့နယ်တွင် ချောင်းအတွင်း ပုပ်ပွနေသော အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ ပေါင်မြို့နယ်တွင် ချောင်းအတွင်း ပုပ်ပွနေသော အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 18:18 Rating: 5
Powered by Blogger.