မိုင်းယောင်း၌ ရေအားလျှပ်စစ် ၀ါယာရှော့(ခ်)ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး


မိုင်းယောင်း သြဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ယမ်းမွန်းကျေးရွာ၌ သြဂုတ်လ ၁၁ ရက် ၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့် က ရေအားလျှပ်စစ် ၀ါယာရှော့(ခ်)ဖြစ်ရာမှ ပျဉ်ထောင်ပျဉ်ကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယမ်းမွန်းကျေးရွာနေ ဦးအိုက်ထောင်း ၏ နေအိမ်တွင် ရေအားလျှပ်စစ် ၀ါယာရှော့(ခ်)ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မီးလောင်ရာသို့ မိုင်းယောင်းတပ်နယ်မှ ဗျူဟာမှူး ဦးစီးသည့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး နိုင်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးမင်းမောင် ဦးစီး သည့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျေးရွာနေပြည်သူများက မီးသတ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်း၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ တွင် မီးညွှန့်ကျိုးကာ ၁ နာရီ ၄၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။


 မီးလောင်မှုကြောင့် အလျား(၂၀)ပေ၊ အနံ(၁၅)ပေရှိ ခြေတံရှည်အုတ်ကြွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အခြားသို့ ကူးစက်လောင် ကျွမ်းမှု မရှိကြောင်းသိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်မှ ဦးအိုက်ထောင်း အား မိုင်းယောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်
မိုင်းယောင်း၌ ရေအားလျှပ်စစ် ၀ါယာရှော့(ခ်)ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး မိုင်းယောင်း၌ ရေအားလျှပ်စစ် ၀ါယာရှော့(ခ်)ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.