မိဘနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို တားဆီးမရ၍ သားဖြစ်သူ မိမိကိုယ်မိမိ ဓားဖြင့် ထိုးသေဆုံး


မကွေး သြဂုတ် ၁၁

မကွေးမြို့နယ် ကျွဲခြံကျေးရွာ တွင် ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်က မိဘနှစ်ဦး စကားများ ရန်ဖြစ်နေကြသည်ကို တားဆီးမရသဖြင့် သားဖြစ်သူ က မိမိကိုယ်မိမိ ဓားဖြင့်ထိုးသေဆုံးခဲ့ ကြောင်း မကွေးမြို့မရဲစခန်းမှသိ ရသည်။

 ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက် ည ၈ နာရီခွဲက မကွေးမြို့နယ် ဒေါင်းနေရဲကင်းမှူး ဒုရဲအုပ်သန့်ဇင် တာဝန်ထမ်းဆောင်နေစဉ် မကွေး မြို့နယ် မကျည်းခြေထောက်ကျေး ရွာအုပ်စု ကျွဲခြံကျေးရွာ၌ အောင် ငြိမ်းချမ်း (၁၇ နှစ်) ကျွဲခြံကျေးရွာ နေသူသည် မိမိကိုယ်ကိုဓားနှင့်ထိုး ၍သေဆုံးနေကြောင်း ရွာခွဲတာဝန်ခံ ဦးညွန့်ဝင်း၏အကြောင်းကြားချက် အရအခင်းဖြစ်နေရာသို့သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အောင်ငြိမ်းချမ်းသည် ၄င်း၏ မိဘနှစ်ဦးဖြစ်ကြသော တင်မောင် ရွှေနှင့် မချိုတို့ စကားများရန်ဖြစ် နေကြသည်ကို ဝင်ရောက်တားမြစ် သော်လည်း ပြောမရသဖြင့် ဖခင် ဖြစ်သူ တင်မောင်ရွှေ၏လက်ထဲမှ ဓားအားလုယူ၍ မိမိကိုယ်ကို ဓား ဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း၊ အောင် ငြိမ်းချမ်းအား ၄င်း၏နေအိမ်ခြံ ဝင်းအတွင်းတွင်ဝမ်းဗိုက်၌ ဓားထိုး သွင်းဒဏ်ရာတစ်ချက်ဖြင့် လဲကျ သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသား သေဆုံးမှုနှင့် ပတ်သက်၍ ယခုလ ၉ ရက်တွင် ဒုရဲအုပ်သန့်ဇင်မှ တရားလို ပြုတိုင် ကြားခဲ့၍ မကွေးမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂ဝ၁၇ ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net
မိဘနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို တားဆီးမရ၍ သားဖြစ်သူ မိမိကိုယ်မိမိ ဓားဖြင့် ထိုးသေဆုံး မိဘနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို တားဆီးမရ၍ သားဖြစ်သူ မိမိကိုယ်မိမိ ဓားဖြင့် ထိုးသေဆုံး Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.