ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား


ဒီးမော့ဆို သြဂုတ် ၁၁

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါး(၄)ရပ်ကွက်တွင် သြဂုတ် ၁၀ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်၌ ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၀ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါး(၄)ရပ်ကွက် ဒေါ်အန်ဂျလာ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးကြည်စိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးငြိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ မီးလောင်မှုတွင် ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ မီးဖိုးဆောင်ထရံမှတစ်ဆင့် နေအိမ်အပေါ်ထပ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ်မှ အပေါ်ထပ်မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကလေးငယ်ကို ပေါ့ဆစွာစေခိုင်းသူ ဒေါ်အန်ဂျလာအား ဒီးမော့ဆိုမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား ကလေးငယ်အား ဝက်စာကျိုခိုင်းရာမှ နေအိမ်မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.