ကော့သောင်းမြို့ တည်းခိုခန်းတစ်ခု တွင် ကျပ်သိန်း(၇၀)ကျော် တန်ဖိုး ရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


ကော့သောင်း ၊ ဇွန် ၂၈ ရက်

ကော့သောင်းမြို့တည်းခိုခန်းတစ်ခုတွင် WY စာတန်းပါစိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းကဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံကျောင်းလမ်း ၊ မေတ္တာမွန်တည်းခိုခန်းတွင် တည်းခိုနေသည့်ဧည့်သည်နှစ်ဦး မှ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်း ချရန် သယ်ဆောင်ထားရှိကြောင်း ခိုင်လုံသည့်သတင်းအရ မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ်(၁၆/၂၀၁၇) ဖြင့် ဒု-စခန်းမှူး ရဲအုပ်အေးကြိုင် ၊ နယ်ထိန်းခေါင်းဆောင် နှင့် တပ်ဖွဲ့ဝင်များ ရပ်ကွက်တာဝန်ရှိ အဖွဲ့အစည်း များ ပူးပေါင်းလျှက် ၀င်ရောက်ရှာဖွေခဲ့သည်။

 အဆိုပါနေ့ ညနေ ပိုင်းက ၀င်ရောက်ရှာဖွေရာ လွင်မိုးထက် (ခ)မိုးထက်(၂၃)နှစ် နှင့် ဇင်ကိုသက်(ခ)ဖိုးချို(၂၃)နှစ် ဆိုသူ နှစ်ဦး တည်းခိုနေသည့် အခန်းအမှတ်(၉) အိမ်သာရေဆွဲကြွေခွက် အတွင်း နှင့် ရေခဲသေတ္တာအပေါ်ဆင့် များအတွင်း မှ wy စာတမ်းပါစိတ်ကြွဆေးပြားပန်းရောင်နှင့်အစိမ်းရောင် စုစုပေါင်း ၂၅၉၅ပြား (အလေးချိန် ၂၅၉.၅ ဂရမ်) (ကာလတန်ဖိုး၇၇၈၅၀၀၀ိ/ကျပ် )ဖိုးခန့် နှင့် မူးယစ်ဆေးရောင်းဝယ် သုံးစွဲသည့်ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိသဖြင့် လွင်မိုးထက် (ခ)မိုးထက် နှင့် ဇင်ကိုသက်(ခ)ဖိုးချို တို့အား ကော့သောင်းရဲစခန်းမယ(ပ)၃၇/၂၀၁၇ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရအမှုဖွင့် အရေးထားရှိကြောင်း သိရှိရသည်။

ကော့သောင်း (ပြန်/ဆက်)
ကော့သောင်းမြို့ တည်းခိုခန်းတစ်ခု တွင် ကျပ်သိန်း(၇၀)ကျော် တန်ဖိုး ရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ ကော့သောင်းမြို့ တည်းခိုခန်းတစ်ခု တွင် ကျပ်သိန်း(၇၀)ကျော် တန်ဖိုး ရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.