ချင်းပြည်နယ် မြို့ ကြီးနှစ်မြို့ တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန်တည်ဆောက်မည်


ဟားခါး ဇွန် ၂၈

နိုင်ငံတော်အစိုးရသည် ချင်းပြည်နယ်တွင် စက်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်လာစေရေးနှင့် ဒေသခံပြည် သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ ကိုရည်ရွယ်၍ တစ်ပြည်လုံးလွှမ်းခြုံနိုင်စေရန် ချင်းပြည် နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ဟားခါးမြို့ နှင့် ပလက်ဝမြို့ တို့တွင် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း စက်မှုဇုန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ထံမှ သိရသည်။

ယင်းသို့ စက်မှုဇုန်ရွေးချယ်တည်ဆောက်ရာတွင် ပလက်ဝမြို့ သည် ကုလားတန်စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း၊ မကြာမီ မဟာဓာတ်အားလိုင်းကို လည်း ရရှိတော့မည်ဖြစ် သည့်အပြင် လာမည့်ဘဏ္ဍာရေးနှစ်တွင်စက်မှုသင်တန်းကျောင်းကို လည်း ဖွင့်လှစ်နိုင်ရန်စီစဉ်နေပြီး ချင်းပြည်နယ်အတွင်းရှိ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း(SME)လုပ်ငန်းရှင်များကို တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ သည် အလယ်ပိုင်းဒေသများအတွက် အဆင်ပြေနိုင်မည့်နေရာဖြစ်သဖြင့် ဒေသဖွံ့  ဖြိုးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဟားခါးနှင့် ပလက်ဝမြို့ တို့  တွင် စက်မှုဇုန်တည်ဆောက်ရာ၌ ကလေးစက်မှုဇုန်ကဲ့သို့ ရှေးဦးစွာကားထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည့်အခြေအနေမရှိသေးသော်လည်း ကားပြုပြင်ရေးလုပ်ငန်း၊ ကားရေဆေး၊ဆီလိုက်လုပ်ငန်းစ သည့်ယာဉ်နှင့်ပတ်သက်သော အသေးစားစက်မှုလက်မှုလုပ်ငန်းများဖြင့် စတင်အကောင်အထည်ဖော်သွား
မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ကပြောကြားသည်။

“ ဒီလိုမျိုး စက်မှုဇုန်တွေဖွင့်လှစ်လိုက်ခြင်းအားဖြင့် စက်မှုကဏ္ဍအသီးသီးမှာ လူမှုစီးပွားဘ၀အတွက် အခွင့်အလမ်းတွေရှိလာမယ်။ မိမိဒေသနဲ့ကိုက်ညီတဲ့ တီထွင်ဖန်တီးမှု၊ တီထွင်ကြံဆမှုအပိုင်းတွေ ပိုပြီးတော့ လုပ်ဆောင်လာနိုင်ပါမယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အတွင်း စက်မှုလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် အတွက်ချင်းပြည်နယ်ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း(CFCCI)ကိုလည်းဖွဲ့စည်းထားရာ လက်ရှိတွင် ချင်းပြည်နယ်အတွင်း၌ အကြီး စားစက်မှုလုပ်ငန်းခြောက်ခု၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း ၂၀၀ ကျော်ရှိကြောင်း သိရသည်။

နေစု(ချင်းရိုးမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ချင်းပြည်နယ် မြို့ ကြီးနှစ်မြို့ တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန်တည်ဆောက်မည် ချင်းပြည်နယ် မြို့ ကြီးနှစ်မြို့ တွင် လာမည့်ဘဏ္ဍာနှစ်အတွင်း စက်မှုဇုန်တည်ဆောက်မည် Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.