ရဲကင်းစခန်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး သေဆုံး

( ကိုးတောင်ကောက်ရဲကင်းစခန်းကို တွေ့ရစဉ် ) Photo: ဝံလက်ဒေသဖောင်ဒေးရှင်း
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတောင်ကောက်ရဲကင်းစခန်းကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခံ ထားရသူ ၁၄ ဦးထဲက တစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် သေဆုံးခဲ့ပါတယ်။

တရားရုံးမှာစစ်ဆေးနေစဉ်အတွင်း အောင့်တယ်ဆိုပြီး သေဆုံးခဲ့တာလို့ စစ်တွေခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး ၀င်းနောင် ကပြောပါတယ်။

"တရားရုံးထုတ် စစ်ဆေးရင်းက ဗိုက်အောင့်လိုဆိုပြီး အစာအိမ်ပါးပြီး သေတာပါ သေတာတော့ မှန်ပါတယ်။ ကျနော်တို့က ဓမ္မတာအတိုင်းဟုတ်မဟုတ် လုပ်ထုံးလုပ်နည်းအတိုင်း သေမှုသေခင်း ဖွင့်ပြီး ဆောင်ရွက်ထားပါတယ်"

သေဆုံးသူဟာ အသက် ၃၅ နှစ်အရွယ်ရှိ အာလီမူလာ ဖြစ်ပြီး သူအပါအ၀င် ၁၄ ဦးကို ရဲတပ်ဖွဲ့ဝင် တွေကို သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ရဲကင်းစခန်း အဆောက်အဦး ဖြိုဖျက်ဝင်ရောက်မှု၊ (RSO) အဖွဲ့နဲ့ ဆက်သွယ်မှုတွေနဲ့ စစ်တွေမြို့နယ်တရားရုံးမှာ စစ်ဆေးနေ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲကင်းစခန်း ၀င်ရောက်စီးနင်းခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရဲကင်းစခန်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး သေဆုံး ရဲကင်းစခန်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရသူတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.