ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ပရိုဘောက်တိမ်းမှောက်ပြီး (၂)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ဇွန် ၁၅ ရက်၊ နေ့လယ် ပိုင်းက ပရိုဘောက်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါခရီးသည်(၉)ဦးအနက် (၂)ဦး သေဆုံး၍ (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
"ယာဉ်ကမောင်းလာရင်းနဲ့ အရှိန်များပြီး မထိန်းနိုင်တော့ဘဲလမ်းညာဘက်ကို အရင်အရှေ့ဘီးကျသွားလို့ ပြန်ဆွဲ တင်တာ အရှိန်မနိုင်တော့ဘဲ လမ်းဘယ်ဘက်ကို ထိုးကျတိမ်းမှောက်သွားတာပါ။ ယာဉ်ပေါ်မှာက ခရီးသည် ရော၊ ယာဉ်မောင်းပါ (၉)ယောက်ပါတာ။ (၂)ယောက်က ဒဏ်ရာမရလို့ပြန်သွားတယ်။ မိန်းမတစ်ယောက်နဲ့ က လေးတစ်ယောက်သေတယ်။ ကျန်တဲ့(၅)ဦးဒဏ်ရာရတယ်။''ဟု ကျိုက်ထိုမြို့မ ရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က ပြောသည်။

ပဲခူးတိုင်းဒေသကြီးဘက်မှ ကျိုက်ထိုဘက်သို့ ခရီးသည်များ တင်ဆောင်လာပြီး ပဲခူးတိုင်းဒေသကြီးနေသူ ယာဉ် မောင်း ထိန်လင်း(၄၅)နှစ်မောင်းနှင်လာသော ယာဉ်အမှတ် YGN-3F/4265 ပရိုဘောက်အဖြူရောင်ယာဉ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း လက်ပြကျေးရွာဆိုင်းဘုတ်နားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ ထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသော ခရီးသည် မြဝတီမြို့နေသူ ဒေါ်သန်းသန်း(၃၀)နှစ်နှင့် အသက် (၅)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး မအိအိလွင်၊ မမေသင်္ကြန်၊ ဦးကုလား၊ ဒေါ်သေးနှင့် ယာဉ်မောင်း ထိန်လင်းတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ထိန်လင်းအား ကျိုက်ထိုမြို့မ ရဲစခန်းမှ ယာဉ်(ပ)၇၆ /၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈/ ၃၀၄ (က)ဖြင့် အမှုဖွင့်အရေးယူ၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ပရိုဘောက်တိမ်းမှောက်ပြီး (၂)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ပရိုဘောက်တိမ်းမှောက်ပြီး (၂)ဦးသေဆုံး၊ (၅)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.