ညသန်း​ခေါင်​​ကျော်​ အ​မှောင်​အားကိုးဖြင့်​ တိုက်​ပြီး ထွက်​​ပြေးတိမ်း​ရှောင်


ပုသိမ် ဇွန် ၁၆

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်​ခရိုင်​၊ ​ကျောင်းကုန်းမြို့နယ်​၊ ပိန်းပရက်​​လေး​ကျေးရွာအနီးတွင်​ ဇွန်​လ ၁၆ ရက်​ ၅နာရီ၁၅မိနစ်ခန့်က ယာဉ်​တိုက်​မှု ဖြစ်​ပွားခဲ့သည်​။

အမှုမှာ ဇွန်​လ ၁၆ ရက်​​နေ့ နံနက်​ ၅နာရီ ၁၅မိနစ်တွင်​ ဒုရဲအုပ်​ဝင်းမင်းသန်းသည်​ ​ကျောင်းကုန်းမြို့မရဲစခန်း၌ တာဝန်​မှူးတာဝန်​​ဆောင်​ရွက်​​နေစဉ်​ ယာဉ်​တိုက်​မှု ဖြစ်​ပွား၍ လူတစ်​ဦး​သေဆုံး​နေ​ကြောင်း သတင်းအရ သက်​​သေများနှင့်​အတူ အခင်းဖြစ်​​နေရာသို့ သွား​ရောက်​စစ်​​ဆေးရာ ​ကျောင်းကုန်း-ကျုံ​ပျော်​ ကားလမ်း၊မိုင်​တိုင်​အမှတ်​ ၉၂/၇ နှင့်​ ၉၃/၀ ကြား၊ပိန်းဂရက်​​လေး​ကျေးရွာအနီး ကားလမ်းမ​ပေါ်တွင်​ ​ဒေါ်ဝင်းကြည်​(၅၀)နှစ်သည်​ လမ်း၏အလယ်​၌ ဒဏ်​ရာများဖြင့်​​သေဆုံး​နေသည်​ကို ​တွေ့ရှိရသဖြင့်​ တိုက်​ပြီးထွက်​​ပြေးသွား​သောယာဉ်​နှင့်​ယာဉ်​​မောင်းအား စုံစမ်း​ဖော်​ထုတ်​ဖမ်းမိနိုင်​​ရေး ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းနှင့်​ ​ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့်​​အ​ရေးယူ ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ညသန်း​ခေါင်​​ကျော်​ အ​မှောင်​အားကိုးဖြင့်​ တိုက်​ပြီး ထွက်​​ပြေးတိမ်း​ရှောင်​ ညသန်း​ခေါင်​​ကျော်​ အ​မှောင်​အားကိုးဖြင့်​ တိုက်​ပြီး ထွက်​​ပြေးတိမ်း​ရှောင်​ Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.