ငွေတုသုံးစွဲနေသူများ၏ လမ်းကြောင်းတစ်လျှောက် ဝယ်ယူခဲ့သည့် ဈေးဆိုင်များမှ ငွေတုများကို လိုက်လံ သိမ်းဆည်းနေ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းပေါ်၌ ငွေစက္ကူ အတုများနှင့်အတူ ဖမ်းဆီးခံရသူများ၏လမ်းကြောင်းတစ်လျောက် သုံးစွဲခဲ့သည့်ဈေးဆိုင်များတွင် ငွေတုများ လိုက်လံသိမ်းဆည်းရာ ဇွန် ၁၅ ရက်အထိ ဈေးဆိုင်(၇)ခုမှ ငွေတု(၆)သောင်းကျော် သိမ်းဆည်းရမိခဲ့ပြီးဖြစ် ကြောင်း သိရှိရသည်။
“ငွေတုသယ်ဆောင်လာကြောင်း ဖုန်းနဲ့သတင်းပေးတာကြောင့် သယ်ဆောင်လာတဲ့ယာဉ်ကို ရပ်တန့်စစ်ဆေးရာ မှာ ငွေတုတွေကို ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အခုတော့လမ်းခရီးမှာ သူတို့သုံးစွဲခဲ့တဲ့ဆိုင်တွေမှာ ကျွန် တော်တို့အဖွဲ့ပေါင်းစုံနဲ့ ငွေတုတွေလိုက်လံသိမ်းဆည်းနေပါတယ်။ အချို့ဆိုင်တွေကလည်း ငွေအတုမှန်းသိလို့ ဖျက်ဆီးလိုက်တာတွေလည်းရှိပါတယ်။”ဟု ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရဲစခန်းမှနယ်ထိန်းဒုတိယရဲအုပ်လှဖုန်းကပြောသည်။


 ငွေတုများအားယူဆောင်လာသည့်သတင်းအရ ဇွန် ၁၃ ရက်၊ နေ့လယ်ပိုင်းကစောင့်ဆိုင်းနေစဉ် ကိုယ်ပိုင်ယာဉ် တစ်စီးအား ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရပ်တန့်စစ်ဆေးခဲ့ရာ ငွေတုငါးထောင်တန်နှင့် တစ်သောင်း တန်စုစုပေါင်းကျပ်(၁၇၃)သိန်းနှင့် သယ်ဆောင်လာသူ(၅)ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိခဲ့သူများမှာ မင်္ဂလာဒုံမြို့နယ်နေသူ ဇော်နိုင်အေး(၃၂)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ အေးရွှေ (၄၅)နှစ်၊ မြောက်ဥက္ကလာပနေသူ မြင့်ဇော်ဦး(၅၂)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ မျိုးမင်းသူ(၂၆)နှစ်၊ မြောက်ဥက္ကလာပနေသူ စိုးသက်လွင်(၂၈)နှစ်တို့ဖြစ်သည်။ထို့အပြင် ယာဉ်ပေါ်တွင် အဝတ်အစားအိတ်များနှင့်အတူ ၎င်းတို့၏ ပိုက်ဆံအိတ်များအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော (၁၀၀၀၀)ကျပ်တန်တစ်အုပ်လျှင်(၁၀၀)ရွက်ပါ (၁၅)အုပ်နှင်(၃၀)ရွက်၊ (၅၀၀၀)ကျပ်တန်(၁၀၀) ရွက်ပါ(၄)အုပ်၊ စုစုပေါင်းငွေစက္ကူအတု(၁၇၃)သိန်းဖိုးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူအတုပြုလုပ်ပြီး လက်ဝယ်ထားရှိသူ ဇော်နိုင်အေး၊ အေးရွှေ၊ မြင့်ဇော်ဦး၊ မျိုးမင်း သူ၊ စိုးသက်လွင်တို့အား သိမ်ဇရပ်နယ်မြေရဲစခန်းက (ပ)၁၃၆/၂၀၁၇၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ငွေတုသုံးစွဲနေသူများ၏ လမ်းကြောင်းတစ်လျှောက် ဝယ်ယူခဲ့သည့် ဈေးဆိုင်များမှ ငွေတုများကို လိုက်လံ သိမ်းဆည်းနေ ငွေတုသုံးစွဲနေသူများ၏ လမ်းကြောင်းတစ်လျှောက် ဝယ်ယူခဲ့သည့် ဈေးဆိုင်များမှ ငွေတုများကို လိုက်လံ သိမ်းဆည်းနေ Reviewed by THITHTOOLWIN on 17:12 Rating: 5
Powered by Blogger.