မောင်နှစ်မချင်းစကားများရာမှ အစ်ကိုဖြစ်သူက ဂေါ်ပြားနှင့်ရိုက်သဖြင့် ညီမသေဆုံး


မန္တလေး၊ ဇွန် ၂၅

၂၃-၁၁-၂၀၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာ ယာခင်းတွင် ၎င်းရွာနေ မောင်ဇော် ၃၅ နှစ်နှင့် ညီမ မလုံး ၂၆ နှစ်တို့သည် စပါး ခင်းပိုးကျသည့်ကိစ္စနှင့် ပတ်သက်၍ စကားများပြီး မောင်ဇော်ကဂေါ်ပြား ဖြင့်ရိုက်ရာ မလုံး၏ဦးခေါင်းထိပ်ပေါက်ပြဲ ဒဏ်ရာရရှိသဖြင့် မန္တလေး ဆေးရုံကြီးသို့တင်ပို့ကုသစဉ် ၂၄-၆-၂၀၁၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲချိန် သေဆုံးခဲ့သည်။

 မောင်ဇော် အား ရွာခိုင်ကြီးရဲကင်းစခန်း (ပ)၈၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

Mandalay Police
https://www.facebook.com/mandalaypolice
မောင်နှစ်မချင်းစကားများရာမှ အစ်ကိုဖြစ်သူက ဂေါ်ပြားနှင့်ရိုက်သဖြင့် ညီမသေဆုံး မောင်နှစ်မချင်းစကားများရာမှ အစ်ကိုဖြစ်သူက ဂေါ်ပြားနှင့်ရိုက်သဖြင့် ညီမသေဆုံး Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.